မြန်မာ့အာမခံလုပ်ငန်း၊ မူဆယ်ခရိုင်ရုံး၏ အာမခံလုပ်ငန်းအကြောင်း အသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၁၄-၂-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် နမ့်ခမ်းမြို့၊ အ.ထ.က(၁) ကျောင်းခန်းမ၌ကျင်းပရာ တက်ရောက်သူဦးရေ (၇၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံလက်ထောက်မန်နေဂျာမှ သူတစ်ပါးထိခိုက်မှုအာမခံ၊ နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ၊ မီးနှင့်အမျိုးမျိုးအာမခံလုပ်ငန်း၊ ခရီးသွားအာမခံနှင့် ကုန်းလမ်းကုန်ပစ္စည်းအာမခံအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ တနင်္သာရီတိုင်းဒေသကြီးရုံးမှ အာမခံလုပ်ငန်းအကြောင်း အသိပညာ ပြန့်ပွားရေးဟောပြောပွဲအား (၁၁-၂-၂၀၁၉) ရက်နေ့ နေ့လည် (၃:၀၀) နာရီတွင် ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမ စုစုပေါင်း (၈၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် တိုင်းဒေသကြီးတာဝန်ခံမှ မြန်မာ့အာမခံလုပ်ငန်းမှ ဆောင်ရွက်လျက် ရှိသည့် အာမခံအမျိုးအစားများကို ရှင်းလင်းပြောကြားခဲ့ပြီး အထူးကိစ္စရပ်အနေဖြင့်  နိုင်ငံဝန်ထမ်းအသက်အာမခံ(ကာလတို)၊ သူတစ်ပါးထိခိုက်မှုအာမခံနှင့် မီးအာမခံလုပ်ငန်း အကြောင်း အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့ပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းနှင့် ထိုင်းနိုင်ငံပိုင် Road Accident VICTIMS Protection Co.,Ltd. (RVP), Thai General Insurance Association (TGIA) တို့အကြား နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးပွဲအခမ်းအနားကို မြန်မာ့အာမခံ လုပ်ငန်း ရုံးချုပ်(ရန်ကုန်)၌ ယနေ့ (၁၂.၃.၂၀၁၉) ရက်နေ့ နံနက်(၁၁:၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးဇော်နိုင်၊ မြန်မာ့အာမခံ လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦး၊ ထိုင်းနိုင်ငံ Road Accident VICTIMS Protection Co.,Ltd. (RVP) ၏ ဦးဆောင်ညွှန်ကြားရေးမှူး Mr.

မြန်မာ့အာမခံလုပ်ငန်း၊ ကလေးခရိုင်ရုံး၏ အာမခံအကြောင်းအသိပညာပေး ဟောပြောပွဲကို (၁၁-၂-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကလေးမြို့ ခရိုင်ပြည်သူ့ကျန်းမာရေး ဌာနတွင် ကျင်းပပြုလုပ်ရာ တက်ရောက်အင်အား(၁၄၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။