Date:

ရန်ကုန် ဇူလိုင် ၂၉

        ရန်ကုန်မြို့၊ အောင်ဘာလေသိန်းဆုဌာနခွဲ၊ အစည်းအဝေးခန်းမတွင် မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၇၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ ၂၉-၇-၂၀၁၉ ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန်၌ ကျင်းပခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်ဥပဒေရေးရာ) ဦးဇေယျကြည်ညွန့်က သင်တန်းဖွင့်ပွဲအမှာစကားပြောကြားခဲ့ပါသည်။       

Date:

ရန်ကုန် ဇူလိုင် ၂၈

  ရန်ကုန်မြို့၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသင်တန်းကျောင်းခန်းမတွင် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့၌ ဝါဏိဇ္ဇဘွဲ့ရများအသင်းကကြီးမှူးကျင်းပသည့် CGA Seminar သို့ ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး) ဒေါ်မြမြဦးတက်ရောက်ခဲ့ပြီးအခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ (Tax Administration Law-TAL) အားရှင်းလင်းဆွေးနွေးခဲ့ပါသည်။

Date:

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အောင်ဘာလေသိန်းဆုဌာနခွဲ

ကြေညာချက်

(ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ၂၆ရက်)

 

Date:

နေပြည်တော်  ဇူလိုင်  ၁၇

    ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဇွန်လကုန်အထိ အခွန်အရပ်ရပ်ကောက်ခံရရှိမှု စုစုပေါင်းမှာ ကျပ် ၄၈၅၃.၉၅၀ ဘီလီယံ ဖြစ်သဖြင့် လျာထားချက်၏ ၇၇.၈၁%ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ကောက်ခံရရှိမှုတွင် နိုင်ငံပိုင်ကဏ္ဍမှ ကျပ် ၉၇၀.၇၃၉ ဘီလီယံ၊ သမဝါယမကဏ္ဍမှ ကျပ် ၁.၄၈၆ ဘီလီယံနှင့် ပုဂ္ဂလိကကဏ္ဍမှ ကျပ် ၃၈၈၁.၇၂၅ ဘီလီယံ ပါဝင်ကြောင်း သိရှိရပါသည်။