Date:

နေပြည်တော် ဇူလိုင် ၁၅

          ပြည်တွင်းအခွန်များဦးစီးဌာန ၊ ရုံးအမှတ် ၄၆ ၊ နေပြည်တော်၌ ၁၅-၇-၂၀၁၉ ရက်နေ့ နံနက် ၉:၀၀ နာရီတွင် မြို့နယ်အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၇၀) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အခမ်းအနားတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ကိုယ်စား ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတက်ရောက်၍ သင်တန်းဖွင့်ပွဲအမှာစကားပြောကြားခဲ့ပါသည်။

Date:

နေပြည်တော် ဇူလိုင် ၁၂

    ရန်ကုန်မြို့၊ အောင်ဘာလေသိန်းဆုဌာနခွဲ၊ အစည်းအဝေးခန်းမတွင် မြို့နယ်အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၇၀) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ ၁၂-၇-၂၀၁၉ ရက်နေ့ နံနက် ၀၉း၀၀ နာရီအချိန်၌ ကျင်းပခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျကြည်ညွန့်က သင်တန်းဆင်းပွဲအမှာစကား ပြောကြား၍ သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းနှင့် သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

Date:

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အောင်ဘာလေသိန်းဆုဌာနခွဲ

ကြေညာချက်

(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ   ရက်)

 

၁။     သြဂုတ်လ (၁) ရက်နေ့တွင် ထီဖွင့်ပွဲပြုလုပ်ပေးမည့် (၆) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီလက်မှတ်နမူနာမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

Date:

နေပြည်တော် ဇွန်  ၂၈                                                                                                                                                                   

Date:

နေပြည်တော် ဇွန် ၂၈

   နေပြည်တော်၊ ရုံးအမှတ် ၄၆ ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ သင်တန်းခန်းမတွင် မြို့နယ်အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၆၉) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ ၂၈-၆-၂၀၁၉ ရက်နေ့ နံနက် ၀၉း၀၀ နာရီအချိန်၌ ကျင်းပခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က သင်တန်းဆင်းပွဲအမှာစကား ပြောကြား၍ သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းနှင့် သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

Date:

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အောင်ဘာလေသိန်းဆုဌာနခွဲ

ကြေညာချက်

(၂၀၁၉  ခုနှစ်၊  ဇွန်   လ ၂၆    ရက်)