Date:

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အငယ်တန်းစာရေး၊ စစ်ဆေးရေးမှူး- ၄ နှင့် ရုံးအကူ/စာပို့ ရာထူးနေရာများအတွက် ရေးဖြေအောင်မြင်သူများစာရင်းထုတ်ပြန်ခြင်း

၁၃၈၀ ပြည့်နှစ်၊ နတ်တော်လဆန်း     ၁၄    ရက်

Date:

နေပြည်တော် ဒီဇင်ဘာ  ၁၇

   ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နိုဝင်ဘာလကုန်အထိ အခွန်အရပ်ရပ်ကောက်ခံရရှိမှု စုစုပေါင်းမှာ ကျပ် ၇၅၀.၃၃၉ ဘီလီယံ ဖြစ်သဖြင့် လျာထားချက်၏ ၁၂.၁၀%ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ကောက်ခံရရှိမှုတွင် နိုင်ငံပိုင်ကဏ္ဍမှ ကျပ် ၁၆၇.၅၉၆ ဘီလီယံ၊ သမဝါယမကဏ္ဍမှ ကျပ် ၀.၂၇၃ ဘီလီယံနှင့် ပုဂ္ဂလိကကဏ္ဍမှ ကျပ် ၅၈၂.၄၇၀ ဘီလီယံပါဝင်ကြောင်း သိရှိရပါသည်။

Date:

နေပြည်တော် ဒီဇင်ဘာလ ၁၂

   နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ Call Room ခန်းမတွင် ၁၂-၁၂-၂၀၁၈ ရက်နေ့၌ WHO  Framework Converntion on Tobacco Control Secretariat, UNDP နှင့် RTI မှ တာဝန်ရှိသူများပါဝင်သည့်အဖွဲ့သည် ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်အား ဂါရဝပြုတွေ့ဆုံ၍ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများထိန်းချုပ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

 

Date:

နေပြည်တော် ဒီဇင်ဘာလ ၁၂

   နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ သင်တန်းခန်းမတွင် ၁၂-၁၂-၂၀၁၈ ရက်နေ့ နံနက် ၉:၃၀ နာရီအချိန်၌ ဂျာမနီနိုင်ငံ၊ KONARD ADENAUER STFTUNG (KAS) မှ တန်ဖိုးဖြည့်ခွန် (Value Added Tax- VAT) အား မိတ်ဆက်ခြင်းအလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (အခွန်ကြီးကြပ်) ဦးသန်းဇော်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

Date:

   စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ၂၀၁၇-၂၀၁၈ စည်းကြပ်နှစ် အတွက် အထူးကုန်စည်ခွန်အများဆုံးထမ်းဆောင်သော မြန်မာကုမ္ပဏီ / လုပ်ငန်းရှင် (၁၂၉) ဦးစာရင်းအား ၂၃-၁၁-၂၀၁၈ ရက်နေ့တွင် ပြည်တွင်းအခွန်များဦးစီးဌာန Website ဖြစ်သည့် www.irdmyanmar.gov.mm တွင် လွှင့်တင်ခြင်းဖြင့်လည်းကောင်း ၊ မြန်မာကုမ္ပဏီ / လုပ်ငန်းရှင်(၁၂၉) ဦးစာရင်းအနက်(၅၀) ဦး စာရင်းအား ၂၇-၁၁-၂၀၁၈ ရက်နေ့ထုတ် မြန်မာ့အလင်းနှင့်ကြေးမုံသတင်းစာတို့တွင် ထည့်သွင်းခြင်းဖြင့်လည်းကောင်း ၊ အများပြည်သူသိရှိနိုင်ပါရန် အသိပေးကြေညာခဲ့ပါသည်။