Date:

   နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ၃၁-၁၀-၂၀၁၈ ရက်နေ့တွင် အခွန်ရငွေဆိုင်ရာကာလလတ် မဟာဗျူဟာကိစ္စရပ်နှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ Senior Economist ဖြစ်သူ Ms.Margaret Cotton ဦးဆောင်သော အခွန်ရငွေဆိုင်ရာ ကာလလတ်မဟာဗျူဟာ (Medium-Term Revenue Strategy) မစ်ရှင်အဖွဲ့နှင့်   အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ပြည်တွင်းအခွန်များဦးစီးဌာနမှ ဌာနခွဲညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

Date:

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များ ဦးစီးဌာန

အောင်ဘာလေသိန်းဆုဌာနခွဲ

ကြေညာချက်

(၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁ ရက် )

၁။   ဒီဇင်ဘာလ (၁) ရက်နေ့တွင် ထီဖွင့်ပွဲပြုလုပ်ပေးမည့် (၂၁ )ကြိမ်မြောက် ကျပ် (၅၀၀) တန် အောင်ဘာလေထီလက်မှတ် နမူနာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်−

Date:

နေပြည်တော် အောက်တိုဘာလ ၃၀

   နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၃၀-၁၀-၂၀၁၈     ရက်နေ့ နံနက် ၁၀:၀၀ နာရီ၌ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးလုပ်ငန်းအစီအစဉ် ဦးစီးကော်မတီ (Tax Reform Steering Committee) ၏ (၃၇) ကြိမ်မြောက်အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါ သည်။အဆိုပါအစည်းအဝေးသို့ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(အခွန်ကြီးကြပ်) ဦးသန်းဇော်ဝင်း၊ ကော်မတီအဖွဲ့ဝင်များနှင့် အကြံပေး ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

Date:

နေပြည်တော် အောက်တိုဘာ  ၂၂

   ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့်  ၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်အထိ အခွန်အရပ်ရပ်ကောက်ခံရရှိမှု စုစုပေါင်းမှာ ကျပ်၂၅၉၆.၂၆၉ ဘီလီယံ ဖြစ်သဖြင့် လျာထားချက်၏ ၁၂၃.၆၃% ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ကောက်ခံရရှိမှုတွင် နိုင်ငံပိုင်ကဏ္ဍမှ ကျပ် ၄၉၇.၇၉၃ ဘီလီယံ၊ သမဝါယမကဏ္ဍမှ ကျပ် ၀.၅၂၆ ဘီလီယံနှင့် ပုဂ္ဂလိကကဏ္ဍမှ ကျပ် ၂၀၉၇.၉၅၀ ဘီလီယံပါဝင်ကြောင်း သိရှိရပါသည်။

Date:

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းခေါင်းစဉ်မှ ဝင်ငွေခွန် ပေးဆောင်ခြင်းဆိုင်ရာသိမှတ်ဖွယ်

  • အကျုံးဝင်သည့်အခွန်ထမ်းပုဂ္ဂိုလ်များ

           ဆရာဝန်၊ အင်ဂျင်နီယာ၊ ဗိသုကာ ပညာရှင်၊ သူနာပြု၊ ဆရာမ၊ ရှေ့နေ၊ အနုပညာရှင်၊ စာရေးဆရာ၊ ပန်းချီဆရာ၊ ပန်းပုဆရာ၊ စာရင်းကိုင်၊ စာရင်းစစ် စသည့်ပညာရှင်များပါဝင်ပါသည်။

Date:

   ပြည်တွင်းအခွန်များဦးစီးဌာန ၊ ရုံးအမှတ် ၄၆ ၊ နေပြည်တော်၌ ၁၈-၁၀-၂၀၁၈ ရက်နေ့ နံနက် ၉:၀၀ နာရီတွင် ၂၀၁၈-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ဌာနခွဲညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်အခွန်ဦးစီးဌာနမှူးများ ၊အခွန်ထမ်းကြီးများ ဆိုင်ရာအခွန်ရုံးနှင့် အလယ်အလတ်အခွန်ထမ်းဆိုင်ရာအခွန်ရုံးများမှ ဌာနမှူးများအား ရှင်းလင်း ဆွေးနွေးသည့်အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ထို့နောက် ပြည်တွင်းအခွန်များဦးစီးဌာန၊ အခွန်မူဝါဒနှင့်သုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးတင်ထွေးက ၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေနှင့်စပ်လျဉ်း၍  ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူမျ

Date:

နေပြည်တော်၊ အောက်တိုဘာလ  ၁၈

   ပြည်တွင်းအခွန်များဦးစီးဌာန ၊ ရုံးအမှတ် ၄၆ ၊ နေပြည်တော်၊ အစည်းအဝေးခန်းမ၌  ၁၇-၁၀-၂၀၁၈ ရက်နေ့ မွန်းလွဲ ၁၃:၃၀ နာရီတွင် Adviser Michael Omnen က အခွန်ဆိုင်ရာစီမံ အုပ်ချုပ်မှုဥပဒေကိစ္စရပ်များနှင့်စပ်လျဉ်း၍  ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။အဆိုပါရှင်းလင်းဆွေးနွေးပွဲသို့ ပြည်တွင်းအခွန်များဦးစီးဌာန၊ အခွန်မူဝါဒနှင့်သုတေသနဌာနခွဲ မှ ညွှန်ကြားရေးမှူး ဦးတင်ထွေး နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။