Date:

နေပြည်တော်၊ အောက်တိုဘာလ  ၄

ပြည်တွင်းအခွန်များဦးစီးဌာန ၊ ရုံးအမှတ် ၄၆ ၊ နေပြည်တော်၌ ၄-၁၀-၂၀၁၈ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ၂၀၁၈-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြည်တွင်း သတင်းမီဒီယာများအား ရှင်းလင်းဆွေးနွေးသည့် အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါ အခမ်းအနားတွင် ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

Date:

နေပြည်တော် အောက်တိုဘာ ၁

နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ Call Room တွင်      ၁-၁၀-၂၀၁၈ ရက်နေ့ မွန်းလွဲ ၁၃:၀၀နာရီ၌ အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာတိုက်ဌာန၊ နည်းပညာအကူအညီပေးရေးရုံး(USOTA) မှ Mr. Steve Mongelluzzo ၊ Mr. Thomas McMurray (LTO Resident Advisor) တို့နှင့် ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်တို့တွေ့ဆုံပြီး ပြည်တွင်းအခွန်များဦးစီးဌာန၌ ဖွင့်လှစ်မည့် သတင်းဆက်သွယ် ပြန်ကြားရေးသင်တန်းနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။

Date:

နေပြည်တော်  စက်တင်ဘာလ  ၂၈

          ပြည်တွင်းအခွန်များဦးစီးဌာန၊ နည်းပညာလေ့လာသုံးသပ်ရေးကော်မတီ (Technical Review Committee TRC ) ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်၊ ရုံးအမှတ် ၄၆ ရှိ ပြည်တွင်းအခွန်များဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ မွန်းလွဲ ၁၃:၀၀ နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

Date:

နေပြည်တော် စက်တင်ဘာ ၂၇

နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၂၇-၉-၂၀၁၈     ရက်နေ့ နံနက် ၁၀:၀၀ နာရီ၌ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးလုပ်ငန်းအစီအစဉ် ဦးစီးကော်မတီ (Tax Reform Steering Committee) ၏ (၃၆) ကြိမ်မြောက်အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါ သည်။

အဆိုပါအစည်းအဝေးသို့ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကော်မတီအဖွဲ့ဝင်များနှင့် အကြံပေးပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြ ကြောင်းသိရှိရပါသည်။

Date:

နေပြည်တော် စက်တင်ဘာ ၂၄

နေပြည်တော်ရှိ Hilton Hotel၊ Gandamar Room (Building -1) ၌ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နှင့် ၂၅ ရက်နေ့များတွင် Norway’s Oil for Development Programme (OfD) မှ ကြီးမှူးကျင်းပနေသည့် Oil and Gas Audit Workshop  သို့ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (အခွန်ပြုပြင်ပြောင်းလဲရေး) နှင့် အရာထမ်း (၉)ဦး တက်ရောက်လေ့လာဆွေးနွေးလျက်ရှိကြောင်း သိရှိရပါသည်။

Date:

မန္တလေးမြို့၊ စက်တင်ဘာလ ၂၅

ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်သည် ၂၅-၉-၂၀၁၈ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးမြို့၊ မန္တလေးတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး၌ မန္တလေးတိုင်းအတွင်းရှိ ဒုတိယဦးစီးမှူးနှင့်အထက်အရာထမ်းများနှင့် တွေ့ဆုံ၍ အခွန်ပြုပြင်ပြောင်းလဲရေးဆိုင်ရာကိစ္စရပ်များ၊ အခွန်တိုးတက်ကောက်ခံရရှိရေးဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းစည်းကမ်းပိုင်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ပါသည်။

Date:

လွိုင်ကော်မြို့၊ စက်တင်ဘာ ၂၅

၁၁-၉-၂၀၁၈ ရက်နေ့တွင် ကယားပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးမှ ဦးဆောင်၍ ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးရုံးခန်း၌ လွိုင်ကော်မြို့နယ်အတွင်းရှိ ရွှေဆိုင်လုပ်ငန်းရှင်များအပေါ် အခွန်ဆိုင်ရာကိစ္စရပ်များနှင့် ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း များအား လိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါ သည်။ အဆိုပါ အခွန်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲသို့ ရွှေဆိုင်လုပ်ငန်းရှင် (၁၆) ဦး တက်ရောက် ခဲ့ကြကြောင်း သိရှိရပါသည်။

Date:

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

ကုန်သွယ်လုပ်ငန်းခွန် နှင့် အထူးကုန်စည်ခွန်သုံးလတစ်ကြိမ် ကြေညာလွှာ တင်သွင်းရန် အသိပေးနှိုးဆော်ချက်