ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ Mr. Abhay Thakur နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် 
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ Mr. Abhay Thakur နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၁၇

         ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Abhay Thakur နှင့်အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆)၌ လက်ခံတွေ့ဆုံသည်။

         တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ မြန်မာနိုင်ငံဖွံ့ဖြိုးရေးနှင့် မန္တလေးငလျင်ကြီးအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အိန္ဒိယနိုင်ငံမှ ကူညီပံ့ပိုးပေးမှုများ၊ မြန်မာနိုင်ငံ၏ဘဏ္ဍာရေးကဏ္ဍ တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

         တွေ့ဆုံပွဲသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ အိန္ဒိယနိုင်ငံသံအမတ်ကြီး၊ အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာနမှ တွဲဖက်အတွင်းဝန် Ms. Suja Kizhakkepat Menon ၊ ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြာရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
                                                                                                                                                                                                    သတင်းစဉ်