ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ပြည်တွင်းအခွန်များဦးစီးဌာန၊ စာရေးဝန်ထမ်းအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်
ပြည်တွင်းအခွန်များဦးစီးဌာန၊ စာရေးဝန်ထမ်းအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်

ရန်ကုန် ၊ ဒီဇင်ဘာ ၁၈

    ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၊ စာရေးဝန်ထမ်းအခြေခံ သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၂) နာရီတွင် ရန်ကုန်မြို့ရှိ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး (၁)၊ သင်တန်းခန်းမ၌ ကျင်းပသည်။

    အခမ်းအနားသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူ(၈၀)ဦး တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းအမှာစကားပြောကြားပါသည်။

    ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက သင်တန်းတွင်ဆုရရှိသူများကို ဆုချီးမြှင့်ခဲ့ပြီး ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က သင်တန်းသားခေါင်းဆောင်ကို သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်သည်။

    ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် အောင်ဘာလေသိန်းဆုဌာနခွဲနှင့် အလယ် အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၃)ရှိ ဝန်ထမ်းများလုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။

    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြည်တွင်းအခွန်များဦးစီးဌာနမှတာဝန်ရှိသူများလိုက်ပါလျက် ဗိုလ်တထောင်မြို့နယ်၊ ၄၇ လမ်းရှိ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး(၂) အဆောက်အဦနှင့် လသာမြို့နယ်၊ ကုန်သည်လမ်းနှင့် လသာလမ်းထောင့်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အဆောက်အဦ အကြီးစားပြင်ဆင်နေမှုအခြေအနေများကို သွားရောက်စစ်ဆေးခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ခံအရာရှိက ရှင်းလင်းတင်ပြခဲ့မှုအပေါ် လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ 
                                                                                                                                                                                                      သတင်းစဉ်