ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်မှ (၁၇-၈-၂၀၂၂) ရက်နေ့တွင် ပြင်ဦးလွင်မြို့ရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၌ ဖွင့်လှစ်ပို့ချလျက်ရှိသည့် ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁၀) တွင် “ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေးဘာသာရပ်” အား သွားရောက်ဆွေးနွေးပို့ချခဲ့ပါသည်။