စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ ၆-၄-၂၀၂၃ ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၁၃၈၄ ခုနှစ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မိသားစုမဟာသင်္ကြန် ပွဲတော်တွင် ပင်စင်ဦးစီးဌာနမှ ယိမ်းအကအဖွဲ့က “ရှာပုံတော်မင်းသားကြီး” သီချင်းဖြင့် ယိမ်းအက ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဌာန၏ စတုဒီသာမဏ္ဍပ်တွင် မြန်မာ့ရိုးရာအစားအစာ ဖြစ်သော မုန့်လုံရေပေါ်ဖြင့် ကျွေးမွေးဧည့်ခံခဲ့ပါသည်။ မိသားစုသင်္ကြန်ပွဲတော်တွင် ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများမှလည်း ပျော်ရွှင်စွာ ပါဝင်ဆင်နွဲခဲ့ကြပါသည်။
April 2023 Archives
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန (ရုံးချုပ်) နှင့် ပြည်ထောင်စုနယ်မြေ ဦးစီးမှူးရုံးတို့မှ အရာထမ်း၊ အမှုထမ်းများအား ပြည်ထောင်စုနယ်မြေအတွင်းရှိ ဗုဒ္ဓဂါယာသတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်၊ မဟာသကျရံသီရုပ်ရှင်တော်မြတ်၊ ဥပ္ပါတသန္တိ စေတီတော်၊ လက်လုပ် တောင်ရွှေနန်းသွင်းစေတီတော် အစရှိသည့် စေတီပုထိုးဘုရားများသို့ ၂-၄-၂၀၂၃ ရက်နေ့ (တနင်္ဂနွေနေ့) တွင် ဘုရားဖူးအလည်အပတ် ပို့ဆောင်ပေးခဲ့ပါသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၏ ၂/၂၀၂၃ ကြိမ်မြောက် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲအခမ်းအနားအား ရုံးအမှတ် (၃၄) အစည်းအဝေးခန်းမ၌ ၅-၄-၂၀၂၃ ရက်နေ့၊ (၁၄:၀၀) အချိန်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်း၊ သက်ဆိုင်ရာဌာနခွဲ တာဝန်ခံညွှန်ကြားရေးမှူးများ၊ ပင်စင်ဦးစီးဌာန (ရုံးချုပ်) နှင့် ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးတို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့၏ လမ်းညွှန်မှာကြားချက်မျာ
