မြန်မာနိုင်ငံ အရင်းအနှီးစျေးကွက်ဖွံ့ဖြိုးတိုးတက်စေရေး အတွက် မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်(SECM) နှင့် ထိုင်းနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကော်မရှင်(SECT) တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို (၁၆-၁၀-၂၀၁၇)ရက်နေ့ ည(၈:၀၀)နာရီ အချိန်တွင် ရန်ကုန်မြို့၊ Sule Shangri-la Hotel၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။