မြန်မာ့အရင်းအနှီးစျေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်(SECM)နှင့် ကိုရီးယားဖွံ့ဖြိုးမှုသိပ္ပံ(KDI) တို့၏ ၂၀၁၇/၂၀၁၈ အတွေ့ အကြုံဖလှယ်မှု အစီအစဉ်အရ အပြီးသတ်အစီရင်ခံစာ တင်သွင်းခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ၊ Hilton Hotel ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။
