(၃၆) ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက် ဥက္ကဌများအစည်းအဝေး  ကို ၂၀၂၂ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့၊ နေ့လယ် (၁၂:၃၀) နာရီတွင် Virtual စနစ်ဖြင့် ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် အတွင်းရေးမှူး၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်း ၊ ညွှန်ကြားရေးမှူးများဖြစ်ကြသည့် ဒေါ်ကြည်ကြည်ခင်ဆွေ နှင့် ဦးဆန်းဝင်း တို့ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပါသည်။