ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ (၆/၂၀၂၃) ကြိမ်မြောက် ကော်မရှင်အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲ ၂:၀၀ တွင် Virtual စနစ်ဖြင့်ကျင်းပခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲ ၂:၃၀ တွင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ခဲ့သည့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာမူဝါဒများအား လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းနိုင်မြင့်က ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲသို့ ကော်မရှင်ရုံးဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲကို မွန်းလွဲ ၃:၃၀ တွင် ရုပ်သိမ်းခဲ့ပါသည်။

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲ ၁:၃၀ တွင် ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ငွေနှင့် စာရေးကိရိယာများထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက်နေ့ နံနက် ၁၀:၃၀ တွင် အဆိုပါရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ပါသည်။

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲကို ၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့ မွန်းလွဲ ၃:၀၀ နာရီတွင် ကော်မရှင်ရုံး အစည်းအဝေးခန်းခ၌ကျင်းပပြုလုပ်ခဲ့ပါသည်။