ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၁:၀၀ နာရီတွင် အဆိုပါရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများ၏သား၊သမီးများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့က ကျင်းပခဲ့ပါသည်။

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်မြင့်မားလာစေရေးအတွက် Knowledge Sharing Program ကို ၁၂-၇-၂၀၂၃ ရက်နေ့ နံနက် ၁၀:၃၀ နာရီတွင် ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ Knowledge Sharing Program တွင် ကော်မရှင်အဖွဲ့ဝင် ဦးသိန်းမြင့်က “Major Financial Statement and Other Information Source” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ကော်မရှင်ရုံးမှ အရာထမ်း၊အမှုထမ်းများတက်ရောက်ခဲ့ကြကာ အစီအစဉ်ကို မွန်းလွဲ ၁၂:၃၀ တွင် ရုပ်သိမ်းခဲ့ပါသည်။