ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ဝန်ထမ်းထုတွေ့ဆုံဆွေးနွေးပွဲနှင့် သင်တန်းထူးချွန်ဆုပေးပွဲအခမ်းအနားကို ၂၇-၉-၂၀၂၃ ရက် မွန်းလွဲ ၂ နာရီတွင် ကော်မရှင်အစည်းအဝေးခန်းမ၌ကျင်းပသည်။
September 2023 Archives
အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ် ဒုတိယအကြီးအကဲများအစည်းအဝေးကို ၂၅-၉-၂၀၂၃ ရက် (တနင်္လာနေ့) မြန်မာစံတော်ချိန် နံနက် ၇:၃၀ နာရီတွင် Virtual စနစ်ဖြင့်ကျင်းပရာ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပါသည်။
ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၈/၂၀၂၃ ကြိမ်ကော်မရှင်အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီတွင် ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပခဲ့ပါသည်။
ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ အားနည်းချက်၊ အားသာချက်များနှင့်ဆက်လက်ဆောင်ရွက်သင့်သည့် အချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ၁၈-၉-၂၀၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ကော်မရှင်ရုံးညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်း တက်ရောက်ဆွေးနွေးရှင်းလင်းမှာကြားသည်။
စာရင်းဝင်အကြိုဈေးကွက် (Pre-Listing Board-PLB) ဆိုင်ရာ Roundtable Discussion ကို ၈-၉-၂၀၂၃ ရက် (သောကြာနေ့) နံနက် ၁၀:၀၀ နာရီတွင် ရန်ကုန်စတော့အိပ်ချိန်း၌ကျင်းပသည်။
အခမ်းအနားတွင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်အတွင်းရေးမှူး ဦးကြည်ဇင်ထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်စတော့အိပ်ချိန်းအမှုဆောင်အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးက ရန်ကုန်စတော့အိပ်ချိန်း၏ ဒုတိယဈေးဖြစ်သည့် စာရင်းဝင်အကြိုဈေးကွက် (Pre-Listing Board-PLB) နှင့်စပ်လျဉ်း၍ ရှင်းလင်းပါသည်။
၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်မှ ဦးဆောင်ကျင်းပပြုလုပ်သည့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများနှင့် (၂၂) ကြိမ်မြောက်လစဉ်တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးကို ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၊ ရန်ကုန်စတော့အိပ်ချိန်းနှင့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများမှ တာဝန်ရှိသူများ စုစုပေါင်း (၃၆) ဦးတက်
