ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်၏ လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီ အချိန်တွင် ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ကျင်းပြုလုပ်ခဲ့ပါသည်။
February 2024 Archives
ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၂/၂၀၂၄ ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ ၂၃ ရက် မွန်းလွဲ ၂:၀၀ နာရီအချိန်တွင် Virtual စနစ်ဖြင့်ကျင်းပခဲ့ရာ အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက တက်ရောက်အမှာစကားပြောကြားခဲ့သည်။
ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးတည်ထောင်ဖွင့်လှစ်ခြင်း ၉ နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ရက်နေ့၊ နံနက် ၁၀:၃၀ အချိန်တွင် ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးတည်ထောင်ခြင်း (၉) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကို ၁၉-၂-၂၀၂၄ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ရွှေတိဂုံဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်ရှိ အမျိုးသားသွေးလှူဘဏ်တွင် ကျင်းပခဲ့ပါသည်။
အဆိုပါ သွေးလှူဒါန်းပွဲသို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ပြီး အရာထမ်း၊အမှုထမ်း (၁၀) ဦးတို့က စုပေါင်သွေးလှူဒါန်းခဲ့ကြပါသည်။
အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ် ဒုတိယအကြီးအကဲများအစည်းအဝေး (ASEAN Capital Market Forum Deputies Meeting) ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် လာအိုနိုင်ငံ၊ ဗီယင်ကျင်းမြို့တွင် Hybrid စနစ်ဖြင့်ကျင်းပရာ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်မှ ကိုယ်စားလှယ်အဖွဲ့ Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့သည်။
