ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၄/၂၀၂၄ ကြိမ်မြောက် ကော်မရှင်အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ကျင်းပခဲ့ရာ အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက Virtual စနစ်ဖြင့် တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။
April 2024 Archives
ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲအခမ်းအနား (ဒါဘာ) ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ မွန်းလွဲ ၃:၀၀ နာရီတွင် ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ကော်မရှင်ရုံးညွှန်ကြားရေးမှူးချုပ်ဦးကြည်ဇင်ထွန်းက ဝန်ထမ်းများအနေဖြင့် ရုံးစာရေးသားရာတွင်စနစ်တကျရေးသားကြရန်နှင့် ရုံးလုပ်ငန်းလက်စွဲပါအတိုင်းရေးသားကြရန်၊ နွေရာသီရောက်ရှိလာပြီဖြစ်သဖြင့် ဝန်ထမ်းများကျန်းမာရေးကိုအထူးဂရုစိုက်ကြရန်၊ ပူပြင်းခြောက်သွေ့သောရာသီရောက်ရှိလာ၍ မီးဘေးအန္တရာယ်ကိုဂရုစိုက်ကြရန်လိုကြောင်းပြောကြားခဲ့ပါသည်။
