ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့၊ မွန်းလွဲ ၂:၀၀ နာရီအချိန်တွင် ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

Seminar of the IFRS Initiative အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့တွင် ရန်ကုန်စတော့အိပ်ချိန်း၌ ကျင်းပခဲ့ပြီး ဝဏ္ဏကျော်ထင် ဦးသိန်းမြင့်က "At A GLANCE- IFRS; For the Development of Capital Market" ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ရာ စာရင်းဝင်ကုမ္ပဏီများနှင့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ၊ မှတ်ပုံတင်အကြံပေးကုမ္ပဏီများ၊ စာရင်းဝင်ရန်အလားအလာရှိသောကုမ္ပဏီများ၊ ရန်ကုန်စတော့အိပ်ချိန်း၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများ စုစုပေါင်း (၆၂) ဦးတက်ရောက်ခဲ့ကြပါသည်။

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ အရာထမ်းအမှုထမ်းများအတွက် အင်္ဂလိပ်စာကျွမ်းကျင်မှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ တွင် ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ သင်တန်းသားသင်တန်းသူများတက်ရောက်ခဲ့ကြပါသည်။ 

     စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ၂၀၂၄  ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့၊ မွန်းလွဲ ၂:၀၀ နာရီ တွင် ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

     ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး ဝန်ထမ်းမိသားစုများ၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

     အဆိုပါ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် မရမ်းကုန်းမြို့နယ္၊ ဝိဇယရာမကျောင်းတိုက်၏ သံဃာတော်အရှင်သူမြတ်တို့ထံမှ ငါးပါးသီလခံယူ‌ဆောက်တည်ကြပြီး ညွှန်ကြားရေးမှူးချုပ်နှင့်တကွ အရာထမ်း၊ အမှုထမ်းများက အနုမောဒနာတရားနာယူခဲ့ကြပါသည်။