Date:

နေပြည်တော်၊ ဩဂုတ် ၇-၈

အင်ဒိုနီးရှားနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကြီးမှူးသည့် The 2nd ASEAN Treasury Forum Meeting 2025 ကို ၇-၈-၂၀၂၅ ရက်နှင့် ၈-၈-၂၀၂၅ ရက်တို့တွင် မလေးရှားနိုင်ငံ၊ Putrajaya မြို့၌ (၂) ရက်ကြာ ကျင်းပခဲ့ရာ ၎င်းအစည်းအဝေးသို့ ငွေတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နီနီသန်းဦးဆောင်သောအဖွဲ့က Virtual ဖြင့် တက်ရောက်ခဲ့ပါသည်။

Date:

နေပြည်တော်၊ မေ ၂၈

၂၈-၅-၂၀၂၅ ရက်နေ့၊  နံနက် (၁၀:၀၀) နာရီတွင် ရဲဘားတိုက် အဆောင်(၂)၌ ညွှန်ကြားရေးမှူးချုပ်မှ ဝန်ထမ်းများနှင့်တွေ့ဆုံအားပေးခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၅၁) ဦး တက်ရောက်ခဲ့ကြပါသည်။

Date:

နေပြည်တော်၊ မတ် ၂၅

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ ဌာနတွင်းအရာထမ်းများမွမ်းမံသင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့၊ နံနက်(၈:၃၀) နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၄)၌ ကျင်းပသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများနှင့် သင်တန်းနည်းပြများ တက်ရောက်ပါသည်။

Date:

နေပြည်တော်၊ မတ် ၅

စင်ကာပူနိုင်ငံတွင် ၁-၂-၂၀၂၄ ရက်နေ့မှ ၃၁-၁-၂၀၂၅ ရက်နေ့ထိ ဖွင့်လှစ်ခဲ့သည့် မက်ခရို စီးပွားရေးဆိုင်ရာ သုတေသနလုပ်ငန်းခွင်သင်တန်း “AMRO Secondment Program” သို့ တက်ရောက်ခဲ့သည် အတွေ့အကြုံဗဟုသုတများ မျှဝေခြင်းအစီအစဉ်ကို ၂၀၂၅ ခုနှစ် မတ်လ (၅) ရက်နေ့၊ နံနက် ၉:၃၀ နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄)၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစီအစဉ်သို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့်အရာထမ်း၊ အမှုထမ်း (၈၆) ဦး တက်ရောက်ခဲ့ကြပါသည်။

Date:

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် အရာထမ်းသင်တန်းအမှတ်စဉ်(၆၅)သို့ တက်ရောက်ခဲ့သည့် ငွေတိုက်ဦးစီးဌာနမှ ဦးနေလင်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)မှ သင်တန်းအတွေ့အကြုံ ဗဟုသုတ မျှဝေခြင်းအစီအစဉ်အား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်နေ့၊ နေ့လယ် ၂:၀၀ နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄)၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစီအစဉ်သို့ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့်အရာထမ်း၊ အမှုထမ်း (၆၆) ဦး တက်ရောက်ခဲ့ကြပါသည်။