Date:

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် Norwegian Agency for Development Cooperation (Norad) တို့ပူးပေါင်းဆောင်ရွက်လျက်ရှိသော Oil for Development Programme – Revenue Management ၏ နှစ်ပတ်လည်အစည်းအဝေး (Annual Meeting) အား ၂၉-၁-၂၀၁၉ ရက်နေ့၊ နေ့လည် (၂:၀၀) နာရီအချိန်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၆)၊ အစည်းအဝေးခန်းမ၌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၊ စီမံကိန်း စိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန

Date:

မြန်မာနိုင်ငံသို့ ပြင်သစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (French Development Agency-AFD) က ကူညီပံ့ပိုးလျက်ရှိသည့် စီမံကိန်းများ၏ အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ဒုတိယအကြိမ် Annual Consultation Meeting ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ဦးဆောင်၍ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့တွင် M-Gallery Hotel ၊ နေပြည်တော်၌ ကျင်းပခဲ့ပါသည်။

Date:

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ များနှင့် စည်ပင်သာယာရေးကော်မတီများ ဆောင်ရွက်နေသော စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက် ၍ တင်ဒါခေါ်ယူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြန့်ကြာခြင်းမရှိဘဲ အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် တင်ဒါလုပ်ထုံးလုပ်နည်းညွှန်ကြားချက်အမှတ် (၁/၂၀၁၇) နှင့် စီမံကိန်း အကောင်အထည်ဖော်မှုအား စောင့်ကြည့်လေ့လာခြင်းတို့နှင့် စပ်လျဉ်းသည့် သင်တန်းအား ၁၅-၁၁-၂၀၁၈ ရက်နေ့နှင့် ၁၆-၁၁-၂၀၁၈ ရက်နေ့တို့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ/ ဝန်ကြ

Date:

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ငွေတိုက်ဦးစီးဌာန

လျှောက်လွှာခေါ်ယူခြင်း

၁။      ငွေတိုက်ဦးစီးဌာနတွင် စိစစ်ရေးမှူး(၂)(လစာနှုန်းကျပ်၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူး (၂၅)နေရာ လစ်လပ်လျက်ရှိပါသည်။  လစ်လပ်ရာထူး(၂၅)နေရာတွင် စီးပွားရေးတက္ကသိုလ်များမှ ဘွဲ့ရများနှင့် တက္ကသိုလ်များမှ ကွန်ပျူတာသိပ္ပံဘွဲ့ရသူများ၊ ဥပဒေဘွဲ့ရသူများကို ရွေးချယ်ခန့်ထားမည် ဖြစ်ပါသည်။

၂။      ရွေးချယ်ခြင်းခံထားရသူများအား(လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)တွင် ကနဦး လစာကျပ်၂၁၆၀၀၀/-ဖြင့်စတင်ခန့်ထားပါမည်။ ရွေးချယ်ခြင်းခံရသူများသည် ငွေတိုက်ဦးစီးဌာနတွင် တာ၀န်ထမ်းဆောင်ရမည်ဖြစ်ပြီး အရာထမ်းငယ်အခြေခံသင်တန်းသို့ တက်ရောက်ရမည်ဖြစ်ပါသည်။