ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးသတင်းများ
(၃၆) ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက် ဥက္ကဌများအစည်းအဝေး ကို ၂၀၂၂ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့၊ နေ့လယ် (၁၂:၃၀) နာရီတွင် Virtual စနစ်ဖြင့် ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် အတွင်းရေးမှူး၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်း ၊ ညွှန်ကြားရေးမှူးများဖြစ်ကြသည့် ဒေါ်ကြည်ကြည်ခင်ဆွေ နှင့် ဦးဆန်းဝင်း တို့ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပါသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ရန်ကုန်စတော့အိပ်ချိန်းနှင့် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်သို့ သွားရောက်ကြည့်ရှုခြင်း (ရန်ကုန်၊ ၈-၁၀-၂၀၁၈)
မြန်မာ့အရင်းအနှီးစျေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်(SECM)နှင့် ကိုရီးယားဖွံ့ဖြိုးမှုသိပ္ပံ(KDI) တို့၏ ၂၀၁၇/၂၀၁၈ အတွေ့ အကြုံဖလှယ်မှု အစီအစဉ်အရ အပြီးသတ်အစီရင်ခံစာ တင်သွင်းခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ၊ Hilton Hotel ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။
မြန်မာနိုင်ငံ အရင်းအနှီးစျေးကွက်ဖွံ့ဖြိုးတိုးတက်စေရေး အတွက် မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်(SECM) နှင့် ထိုင်းနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကော်မရှင်(SECT) တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို (၁၆-၁၀-၂၀၁၇)ရက်နေ့ ည(၈:၀၀)နာရီ အချိန်တွင် ရန်ကုန်မြို့၊ Sule Shangri-la Hotel၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ် ရေးကော်မရှင်နှင့် ADB တို့ပူးပေါင်း၍ “Workshop on Bond Market Development in Emerging East Asia” အလုပ်ရုံ ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပပြု လုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ ပြည်တွင်းငွေကြေးဖြင့်ထုတ်ဝေသော ငွေချေးစာချုပ်စျေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒချမှတ်သူများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေး ရန် ဖြစ်ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ကော်မရှင်အဖွဲ့ဝင် ဒေါ်တင်မေဦးက “မြန်မာနိုင်ငံ၏ Bond Market ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုမျာ
၂၀၁၇ ခုနှစ်၊ မေလ ၂၀ ရက်နေ့တွင် ပထမပုဂ္ဂလိကဘဏ်နှင့် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ် များလဲလှယ်ရောင်းဝယ်ရေးကုမ္ပဏီလီမိတက်တို့ပူးပေါင်း၍ “မြန်မာနိုင်ငံအရင်းအနှီးစျေးကွက် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပတ်သက်သည့်ဆွေးနွေးပွဲ” အား ရန်ကုန်စတော့အိပ်ချိန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်မှအဖွဲ့ဝင် ဦးဌေးချွန်၊ ရန်ကုန်စတော့အိပ်ချိန်းမှ အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးနှင့် ပထမပုဂ္ဂလိကဘဏ်လီမိတက်မှ ဥက္ကဌ ဒေါက်တာစိန်မောင် တို့မှ ဦးဆောင်ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့ ပထမပုဂ္ဂလိကဘဏ်၏ ရှယ်ယာ ကိုင်ဆောင်ထားသူများ၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြ
နေပြည်တော်၊ ၂၀၁၇ ခုနှစ်၊ မတ်လ ၁၇ ရက်
ကမ္ဘာ့ဘဏ်အုပ်စုအဖွဲ့ဝင်ဖြစ်သည့် International Finance Corporation (IFC) နှင့် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ( SECM ) တို့ အကြား မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ၏ စီမံအုပ်ချုပ်မှု စည်းမျဉ်းစည်းကမ်းစံများနှင့် အလေ့အထများကို အားကောင်းခိုင်မာစေရန် အကူအညီပေးအပ်မည့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို (၁၇-၃-၂၀၁၇) ရက်နေ့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


