Date:

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ (၆/၂၀၂၃) ကြိမ်မြောက် ကော်မရှင်အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲ ၂:၀၀ တွင် Virtual စနစ်ဖြင့်ကျင်းပခဲ့ပါသည်။

Date:

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲ ၂:၃၀ တွင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ခဲ့သည့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာမူဝါဒများအား လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းနိုင်မြင့်က ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲသို့ ကော်မရှင်ရုံးဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲကို မွန်းလွဲ ၃:၃၀ တွင် ရုပ်သိမ်းခဲ့ပါသည်။

Date:

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲ ၁:၃၀ တွင် ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

Date:

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ငွေနှင့် စာရေးကိရိယာများထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက်နေ့ နံနက် ၁၀:၃၀ တွင် အဆိုပါရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ပါသည်။

Date:

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲကို ၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့ မွန်းလွဲ ၃:၀၀ နာရီတွင် ကော်မရှင်ရုံး အစည်းအဝေးခန်းခ၌ကျင်းပပြုလုပ်ခဲ့ပါသည်။

Date:

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ချုပ်သုံးသပ်ချက်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများဆိုင်ရာညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ မေလ ၁၁ ရက်နေ့ နံနက် ၁၀:၃၀ နာရီတွင် ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်းများတက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို မွန်းလွဲ ၁:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

Date:

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် အဆိုပါရုံးတတိယထပ်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

Date:

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ (၄/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့ နံနက် (၁၀:၀၀) တွင် Virtual စနစ်ဖြင့်ကျင်းပခဲ့ပါသည်။

Date:

၂၀၂၃ခုနှစ်၊ ဧပြီလ (၃) ရက်နေ့တွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်မှ ကြီးမှူးကျင်းပပြုလုပ်သည့် “ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းတွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်စပ်လျဉ်း၍ UAB ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီမှ ဝန်ထမ်းများအား ရှင်းလင်းဆွေးနွေးပွဲကို UAB ရုံး၌ကျင်းပပြုလုပ်ခဲ့ရာ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်းက အဖွင့်အမှာစက

Date:

(၃၈) ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ် ဥက္ကဋ္ဌများအစည်းအဝေး (38th ASEAN Capital Market Forum-ACMF Chairs Meeting) ကို အင်ဒိုနီးရှားနိုင်ငံ၊ ရော့ယာကာတာမြို့ရှိ Tentrem ဟိုတယ်၌ မတ်လ ၂၀ ရက် နေ့တွင် ကျင်းပခဲ့ပါသည်။