ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ အားနည်းချက်၊ အားသာချက်များနှင့်ဆက်လက်ဆောင်ရွက်သင့်သည့် အချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ၁၈-၉-၂၀၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ကော်မရှင်ရုံးညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်း တက်ရောက်ဆွေးနွေးရှင်းလင်းမှာကြားသည်။
ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးသတင်းများ
စာရင်းဝင်အကြိုဈေးကွက် (Pre-Listing Board-PLB) ဆိုင်ရာ Roundtable Discussion ကို ၈-၉-၂၀၂၃ ရက် (သောကြာနေ့) နံနက် ၁၀:၀၀ နာရီတွင် ရန်ကုန်စတော့အိပ်ချိန်း၌ကျင်းပသည်။
အခမ်းအနားတွင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်အတွင်းရေးမှူး ဦးကြည်ဇင်ထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်စတော့အိပ်ချိန်းအမှုဆောင်အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးက ရန်ကုန်စတော့အိပ်ချိန်း၏ ဒုတိယဈေးဖြစ်သည့် စာရင်းဝင်အကြိုဈေးကွက် (Pre-Listing Board-PLB) နှင့်စပ်လျဉ်း၍ ရှင်းလင်းပါသည်။
၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်မှ ဦးဆောင်ကျင်းပပြုလုပ်သည့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများနှင့် (၂၂) ကြိမ်မြောက်လစဉ်တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးကို ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၊ ရန်ကုန်စတော့အိပ်ချိန်းနှင့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများမှ တာဝန်ရှိသူများ စုစုပေါင်း (၃၆) ဦးတက်
ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၂:၀၀ တွင် အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်မြင့်မားလာစေရန်အတွက် Knowledge Sharing Program ကို ၁၈-၈-၂၀၂၃ ရက်နေ့ နံနက် ၁၀:၃၀ တွင် ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ပါသည်။
မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ (၇/၂၀၂၃) ကြိမ်မြောက် ကော်မရှင်အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၁:၀၀ တွင် ကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတက်ရောက်အမှာစကားပြောကြားသည်။
ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး ဝန်ထမ်းမိသားစုများ၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့၊ နံနက် ၁၀:၃၀ တွင် ကော်မရှင်ရုံး၌ကျင်းပခဲ့ပါသည်။
ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၁:၀၀ နာရီတွင် အဆိုပါရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများ၏သား၊သမီးများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့က ကျင်းပခဲ့ပါသည်။
ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်မြင့်မားလာစေရေးအတွက် Knowledge Sharing Program ကို ၁၂-၇-၂၀၂၃ ရက်နေ့ နံနက် ၁၀:၃၀ နာရီတွင် ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ Knowledge Sharing Program တွင် ကော်မရှင်အဖွဲ့ဝင် ဦးသိန်းမြင့်က “Major Financial Statement and Other Information Source” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ကော်မရှင်ရုံးမှ အရာထမ်း၊အမှုထမ်းများတက်ရောက်ခဲ့ကြကာ အစီအစဉ်ကို မွန်းလွဲ ၁၂:၃၀ တွင် ရုပ်သိမ်းခဲ့ပါသည်။


