မြန်မာ့အာမခံလုပ်ငန်း၊ မန္တလေးတိုင်းဒေသကြီးရုံးမှ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၂၂-၁-၂၀၁၉) ရက်နေ့ နံနက် (၉:၀၀) နာရီတွင် ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ ကရင်ပြည်နယ်ရုံး၊ ဘားအံမြို့မှ တာဝန်ခံသည် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့နယ်သို့ (၁၁-၁-၂၀၁၉) ရက်နေ့တွင် က.ည.န နယ်လှည့်အဖွဲ့နှင့် အတူ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် တက်ရောက်သူ (၁၀၀) ကျော် တက်ရောက်ခဲ့ပြီး တောင်သူလယ်သမား အသက်အာမခံ၊ မြွေအန္တရာယ်အာမခံ၊ သူတစ်ပါးထိခိုက်မှုအာမခံလုပ်ငန်းအကြောင်းတို့ကို တက်ရောက်လာသော ပြည်သူများ သိရှိနားလည်စေရန် ရှင်းလင်းဟောပြောခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ ကျောက်ဆည်ခရိုင်ရုံး၏ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲအခမ်းအနားကို (၂၀-၁-၂၀၁၉) ရက်နေ့ ည (၇:၀၀) နာရီတွင် ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ဒါးရဲကောင်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ ဟောပြောပွဲသို့ ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ကျေးရွာသူရွာသားများ၊ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ ပဲခူးတိုင်းဒေသကြီးရုံး၏ အာမခံလုပ်ငန်းအကြောင်း အသိပညာပေး ဟောပြောပွဲကို (၁၆-၁-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ပဲခူးမြို့၊ တိုင်းစာရင်းရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ တိုင်းစာရင်းရုံး၊ မြို့နယ်စာရင်းရုံးမှ အမှုထမ်း၊ အရာထမ်း များ စုစုပေါင်း (၁၂၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။