Date:

မြန်မာ့အာမခံလုပ်ငန်း၊ ဧရာဝတီတိုင်းဒေသကြီးရုံး၏ အာမခံလုပ်ငန်းအကြောင်း သိကောင်းစရာဟောပြောပွဲအား (၇-၅-၂၀၁၈)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ငွေဆောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဟောပြောပွဲသို့ ငွေဆောင်မြို့ ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများ၊ ဟိုတယ်ဇုံမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ စုစုပေါင်း(၁၀၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ စစ်ကိုင်းခရိုင်ရုံး၊ စစ်ကိုင်းမြို့၏ မြန်မာ့စီးပွားရေးဘဏ်ဖြင့် မီးအာမခံထားရှိသော ဦးညီမွှေး(သား)ဦးခင်မောင်ညိုပိုင် အဆောက်အဦး မီးလောင်ဆုံးရှုံးမှုအတွက် လျော်ကြေးငွေကျပ် ၂၉၄၇၀၀၀/- ကို (၂၅-၄-၂၀၁၈)ရက်နေ့တွင် စစ်ကိုင်းခရိုင်ရုံး တာဝန်ခံမှ ပေးအပ်ခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံးမှ အာမခံလုပ်ငန်းများအကြောင်း ရှင်းလင်းဆွေးနွေးပွဲကို (၃၀-၅-၂၀၁၈)ရက်နေ့ နံနက် ၉:၃၀ နာရီတွင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ (၅၂)ဦးခန့် တက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် တာဝန်ခံမှ ပြည်သူ့ဝန်ထမ်းအသက်အာမခံ ထားရှိရန် ဟောပြောစည်းရုံးခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ စစ်ကိုင်းခရိုင်ရုံးမှ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၂၀-၅-၂၀၁၈)ရက်နေ့ နံနက် ၉:၀၀ နာရီတွင် အမှတ်(၃)ရဲလေ့ကျင့်ရေး သင်တန်းကျောင်း၊ စစ်ကိုင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ နည်းပြမှူးချုပ် ရဲမှူး(၁)ဦး၊ သင်တန်းတပ်ခွဲမှူး ဒုရဲမှူး(၂)ဦး၊ နည်းပြသင်တန်းဆရာ အရာရှိများနှင့် သင်တန်းသား (၃၉၁)ဦး စုစုပေါင်း ၄၀၀ ဦးခန့် တက်ရောက်ကြပါသည်။

Date:

          စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းရုံးချုပ်တွင် မြန်မာ့အာမခံလုပ်ငန်းနှင့် အိန္ဒိယနိုင်ငံအစိုးရပိုင် အထွေထွေအာမခံကော်ပိုရေးရှင်းတို့ နားလည်မှုစာချွန်လွှာ (MoU) ချုပ်ဆိုပွဲအခမ်းအနားကို ယနေ့ (၆.၆.၂၀၁၈) ရက်နေ့ ညနေ (၄:၀၀) နာရီ တွင် ကျင်းပပြုလုပ်ရာ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဇော်နိုင်နှင့် IBRB အဖွဲ့ဝင်များ၊ မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးနှင့် ဌာနအကြီးအကဲများ၊ အရာထမ်းများ၊ အိန္ဒိယနိုင်ငံအစိုးရပိုင် အထွေထွေအာမခံကော်ပိုရေးရှင်းမှ Chairman Cum Managing Director Ms.

Date:

မြန်မာ့အာမခံလုပ်ငန်း၊ ပခုက္ကူခရိုင်ရုံးမှ အာမခံအကြောင်းသိကောင်းစရာဟောပြောပွဲကို (၂၅-၄-၂၀၁၈)ရက်နေ့ နေ့လည်(၁၁:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ကျင်းပပြုလုပ်ရာ ယာဉ်လုပ်ငန်းရှင်များနှင့် တက်ရောက်အင်အား (၂၅၀)ခန့်တက်ရောက်ခဲ့ပါသည်။

Date:

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၏ ပြည်နယ်/တိုင်းဒေသကြီး များနှင့် ခရိုင်ရုံးများ၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်ခဲ့မှုများ သုံးသပ်ခြင်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြန်မာ့အာမခံလုပ်ငန်းရုံးချုပ်တွင် (၁၁-၅-၂၀၁၈) ရက်နေ့မှ (၁၂-၅-၂၀၁၈) ရက်နေ့ နံနက် (၉:၀၀) နာရီမှ ညနေ (၅:၀၀) နာရီအထိကျင်းပရာ မြန်မာ့အာမခံလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးနှင့် ဌာနအကြီးအကဲများ၊ ပြည်နယ်/တိုင်း ဒေသကြီးနှင့် ခရိုင်ရုံးတာဝန်ခံများ၊ ရုံးချုပ်မှ အရာထမ်းများတက်ရောက်ခဲ့ပါသည်။        &nb

Date:

မြန်မာ့အာမခံလုပ်ငန်း၊ ချင်းပြည်နယ်ရုံးမှ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေးအတွက် ဟောပြောပွဲအား (၂၂-၃-၂၀၁၈)ရက်နေ့၊ နေ့လည် (၁၄:၀၀)နာရီအချိန်တွင် ဟားခါးမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူ (၄၈)ဦးခန့်ရှိပြီး အသက်အာမခံ၊ သူတစ်ပါးထိခိုက်မှုအာမခံ၊ အလုံးစုံမော်တော်ယာဉ်အာမခံ၊ မီးအာမခံနှင့် ခရီးသွားအာမခံအကြောင်းများအား ရှင်းလင်းဟောပြောခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ မိတ္ထီလာခရိုင်ရုံးမှ အာမခံလုပ်ငန်းအသိပညာပေးဟောပြောပွဲကို (၁၆-၃-၂၀၁၈)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် မိတ္ထီလာမြို့နယ်၊ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံမှ အရာထမ်း/ဝန်ထမ်း(၈၀၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ ကယားပြည်နယ်ရုံး၏ အာမခံအကြောင်း အသိပညာပြန့်ပွားရေးဟောပြောဆွေးနွေးပွဲကို (၇-၃-၂၀၁၈) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် လွိုင်ကော်မြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ပြည်နယ်ရုံး)တွင် ကျင်းပခဲ့ရာ ပြည်နယ်တာဝန်ခံဒေါ်အေးအေးမြင့်မှ မြန်မာ့အာမခံလုပ်ငန်းတွင် ဆောက်ရွက်လျက်ရှိသော အာမခံအမျိုးအစားများနှင့် တောင်သူလယ်သမား အသက်အာမခံအကြောင်းများ ဆွေးနွေးပြောကြားခဲ့ပါသည်။  ဟောပြောဆွေးနွေးပွဲသို့ တောင်သူလယ်သမား(၃၅)ဦးခန့် တက်ရောက်ခဲ့ကြပြီး မေးမြန်းချက်များအပေါ် တာဝန်ခံမှ ပြန်လည်ဆွေးနွေးခဲ့ပါသည်။