Date:

မြန်မာ့အာမခံလုပ်ငန်း၊ ကယားပြည်နယ်ရုံး၏ အာမခံအသိပညာပေး ဟောပြောပွဲကို           (၂၄-၁-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ပြည်နယ်တာဝန်ခံမှ ဟောပြောရာ တက်ရောက်သူဦးရေ (၃၅) ဦး တက်ရောက်ခဲ့ ပါသည်။

အဆိုပါ ဟောပြောပွဲတွင် တာဝန်ခံမှ အသက်အာမခံကာလတို/ ကာလရှည်လုပ်ငန်းများအား ရှင်းလင်းဟောပြောခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ ရမည်းသင်းခရိုင်ရုံး၏ အာမခံလုပ်ငန်းအကြောင်းသိကောင်းစရာ ဟောပြောပွဲကို (၃-၁-၂၀၁၉) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် အမှတ်(၁) ရဲလေ့ကျင့်ရေး ကျောင်းသို့သွားရောက်၍ ရဲမှူး၊ သင်တန်းမှူးများနှင့် ရဲတပ်သားသစ် သင်တန်းသား ဦးရေ (၂၀၁)ဦးရှိ တပ်ခွဲအား အသက်အာမခံလုပ်ငန်း၊ အသက်အာမခံ (ကာလတို) လုပ်ငန်း၊ ခရီးသွား အာမခံလုပ်ငန်းတို့ကိုထားရှိခြင်းဖြင့် ရရှိနိုင်သောအကျိုးခံစားခွင့်များအား အသေးစိတ် ရှင်းလင်းပြောကြားပြီး သင်တန်းသူများ၏မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းပြောကြား ခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ မန္တလေးတိုင်းဒေသကြီးရုံးမှ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၂၂-၁-၂၀၁၉) ရက်နေ့ နံနက် (၉:၀၀) နာရီတွင် ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ ကရင်ပြည်နယ်ရုံး၊ ဘားအံမြို့မှ တာဝန်ခံသည် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့နယ်သို့ (၁၁-၁-၂၀၁၉) ရက်နေ့တွင် က.ည.န နယ်လှည့်အဖွဲ့နှင့် အတူ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် တက်ရောက်သူ (၁၀၀) ကျော် တက်ရောက်ခဲ့ပြီး တောင်သူလယ်သမား အသက်အာမခံ၊ မြွေအန္တရာယ်အာမခံ၊ သူတစ်ပါးထိခိုက်မှုအာမခံလုပ်ငန်းအကြောင်းတို့ကို တက်ရောက်လာသော ပြည်သူများ သိရှိနားလည်စေရန် ရှင်းလင်းဟောပြောခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ ကျောက်ဆည်ခရိုင်ရုံး၏ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲအခမ်းအနားကို (၂၀-၁-၂၀၁၉) ရက်နေ့ ည (၇:၀၀) နာရီတွင် ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ဒါးရဲကောင်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ ဟောပြောပွဲသို့ ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ကျေးရွာသူရွာသားများ၊ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ ပဲခူးတိုင်းဒေသကြီးရုံး၏ အာမခံလုပ်ငန်းအကြောင်း အသိပညာပေး ဟောပြောပွဲကို (၁၆-၁-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ပဲခူးမြို့၊ တိုင်းစာရင်းရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ တိုင်းစာရင်းရုံး၊ မြို့နယ်စာရင်းရုံးမှ အမှုထမ်း၊ အရာထမ်း များ စုစုပေါင်း (၁၂၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ တနင်္သာရီတိုင်းဒေသကြီးရုံးမှ အာမခံလုပ်ငန်းပြန့်ပွားတိုးတက်ရန် ဟောပြောပွဲအား (၈.၁.၂၀၁၉) ရက်နေ့ နံနက် (၁၁:၀၀) နာရီတွင် ထား၀ယ်မြို့၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး ဦးစီး ဌာနမှူး နှင့် အရာထမ်း/အမှုထမ်း စုစုပေါင်း(၈၀) ဦးခန့် တက်ရောက်ကြပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ သာယာဝတီခရိုင်ရုံး၏ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၂၇-၁၂-၂၀၁၈) ရက်နေ့ ၁၀:၃၀ နာရီတွင် သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ လယ်ယာဖွံ့ဖြိုးရေးဘဏ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ တက်ရောက်သူဦးရေ (၁၀၀) ခန့်ရှိပြီး တောင်သူလယ်သမားအသက်အာမခံအား အဓိကထားဟောပြော၍ အခြားအာမခံ လုပ်ငန်းများအကြောင်းလည်း ဟောပြောခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၏ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၁၈-၁၂-၂၀၁၈) ရက်နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီး ဌာန၊ အားကစားနှင့် ကာယပညာသိပ္ပံ (တောင်ကြီး) ၌ ကျင်းပပြီးစီးခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ စစ်ကိုင်းခရိုင်ရုံး၏ အာမခံအကြောင်းသိကောင်းစရာဟောပြောပွဲကို (၁၆-၁၁-၂၀၁၈) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စစ်ကိုင်းခရိုင်အတွင်းရှိ (စစ်ကိုင်း၊ မြင်းမူ၊ မြောင်) မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးရုံးမှ အရာထမ်း/ဝန်ထမ်းများအား စစ်ကိုင်းခရိုင် စိုက်ပျိုးရေးရုံး အစည်းအဝေးခန်းမ၌ လက်ရှိဆောင်ရွက်နေသော အာမခံလုပ်ငန်းများ အကြောင်း ရှင်းလင်းပြောကြားပြီး နိုင်ငံ့ဝန်ထမ်း (ကာလတို) အကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ရာ စုစုပေါင်း (၇၀) ဦး တက်ရောက်ခဲ့ပါသည်။