မြန်မာ့အာမခံလုပ်ငန်း၊ ဟင်္သာတခရိုင်ရုံး၏ အာမခံလုပ်ငန်း၊ အသိပညာပြန့်ပွားရေးဟောပြောပွဲကို (၂၉-၈-၂၀၁၈)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကြံခင်းမြို့ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း(၄၀)ဦး တက်ရောက်ခဲ့ကြပါသည်။
မြန်မာ့အာမခံလုပ်ငန်းသတင်းများ
မြန်မာ့အာမခံလုပ်ငန်း၊ မွန်ပြည်နယ်ရုံးမှ ပြည်နယ်တာဝန်ခံ ဦးအောင်ဟိန်းကျော်နှင့် ဝန်ထမ်း များသည် ၁၅-၈-၂၀၁၈ ရက်နေ့ နံနက် ၉:၀၀ နာရီတွင် မွန်ပြည်နယ်၊ မုဒုံမြို့ရှိ ဟင်္သာခန်းမတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်သူများနှင့် တွေ့ဆုံ၍ အာမခံလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဟောပြောစည်းရုံးဆောင်ရွက်ခဲ့ပါသည်။
မြန်မာ့အာမခံလုပ်ငန်း၊ မြဝတီခရိုင်ရုံး၏ အာမခံအကြောင်း အသိပညာပေးဟောပြောပွဲ ၁၀-၈-၂၀၁၈ ရက်နေ့ နံနက် ၇:၃၀ နာရီတွင် မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ (၈၅) ဦးခန့် တက်ရောက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် မြဝတီခရိုင်ရုံး ဒု-တာဝန်ခံ ဒေါ်နီလာအေး မှ မြန်မာ့အာမခံလုပ်ငန်းမှ လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းကြီး (၅) မျိုးအနက်မှ မီးအာမခံအကြောင်းနှင့် အသက် အာမခံခေါင်းစဉ်အောက်မှ တောင်သူလယ်သမားအသက်အာမခံအကြောင်းကို ပြည်သူများ သိရှိနားလည်စေရန် အဓိကထားပြီး ဟောပြောခဲ့ပါသည်။
မြန်မာ့အာမခံလုပ်ငန်း၊ မြဝတီခရိုင်ရုံး၏ "နိုင်ငံ့ဝန်ထမ်းအသက်အာမခံ-ကာလတို" အကြောင်း အသိပညာပေးဟောပြောပွဲ ၁၆-၈-၂၀၁၈ ရက်နေ့ နံနက် ၉:၃၀ နာရီတွင် မြဝတီမြို့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ (၃၇) ဦးခန့် တက်ရောက်ခဲ့ ပါသည်။
အဆိုပါဟောပြောပွဲတွင် မြဝတီခရိုင်ရုံး ဒု-တာဝန်ခံ ဒေါ်နီလာအေး မှ မြန်မာ့အာမခံလုပ်ငန်းမှ လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းကြီး (၅) မျိုးအနက် အသက်အာမခံခေါင်းစဉ်အောက်မှ "နိုင်ငံ့ဝန်ထမ်းအသက်အာမခံ-ကာလတို" အကြောင်းကို အဓိကထား၍ ရှင်းလင်းပြောကြားကာ အသက်အာမခံထားရှိခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ဟောပြောခဲ့ပါသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းရုံးချုပ်တွင် မြန်မာ့အာမခံလုပ်ငန်း နှင့် SHIN YE HTUT GROUP (HRSE, IRMC, DIT, SYH) တို့ နားလည်မှုစာချွန်လွှာ (MoU) ချုပ်ဆိုပွဲအခမ်းအနားကို ယနေ့ (၂၈.၈.၂၀၁၈) ရက်နေ့ နံနက် (၁၁:၀၀) နာရီတွင် ကျင်းပပြုလုပ်ရာ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဇော်နိုင် နှင့် မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦး၊ အာမခံလုပ်ငန်းကြီးကြပ် ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနအကြီးအကဲများ၊ အရာထမ်းများ၊ SHIN YE HTUT GROUP ၏ အမှုဆောင်အရာရှိချုပ်များဖြစ်သော Mr. Daniel Gunawan (South & South East Asia, Hannover Rusk SE) ၊ Mr.
မြန်မာ့အာမခံလုပ်ငန်း၊ တာချီလိတ်ခရိုင်ရုံးမှ အာမခံအကြောင်း သိကောင်းစရာ ဟောပြော ဆွေးနွေးပွဲအစီအစဉ်အား (၂၁-၇-၂၀၁၈) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် တာချီလိတ် မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်းရှိ ခရိုင်ပြန်/ဆက်ရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ (ခရိုင်/မြို့နယ်) အဆင့် ဌာနဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင် (၄၂) ဦး တက်ရောက်ခဲ့ ပါသည်။
မြန်မာ့အာမခံလုပ်ငန်း၊ ကချင်ပြည်နယ်ရုံး၏ အာမခံလုပ်ငန်းအကြောင်း အသိပညာပေး ဟောပြောပွဲကို ၁၆-၆-၂၀၁၈ ရက်နေ့ နံနက် ၉:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပရာ သင်တန်းသား/သင်တန်းသူ (၁၀၀) ဦး တက်ရောက်ခဲ့ကြပါသည်။
မြန်မာ့အာမခံလုပ်ငန်း၊ ဖျာပုံခရိုင်ရုံး၏ အာမခံလုပ်ငန်းအကြောင်း အသိပညာပေးဟောပြောပွဲ အား ၂၃-၆-၂၀၁၈ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ဒေးဒရဲမြို့ မြို့လယ်သံတန်ဆောင်း ဘုရားဝန်းအတွင်းတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့်ပူးပေါင်း၍ နယ်လှည့် ကွင်းဆင်းဆောင်ရွက်စဉ် ကျင်းပပြုလုပ်ရာ ယာဉ်ပိုင်ရှင်များ၊ မော်တော်ယာဉ် လူစီးလိုင်စင် ပြုလုပ်သူများ၊ စုစုပေါင်း အင်အား (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
မြန်မာ့အာမခံလုပ်ငန်းတွင် မြန်မာ့အရှေ့တိုင်းဘဏ်(MOB)ချေးငွေဖြင့် မီးအာမခံထားရှိသည့် Forever Winner Co., Ltd. ပိုင် အဆောက်အဦး မီးလောင်ဆုံးရှုံးမှုအတွက် မီးအာမခံလျော်ကြေးပေးအပ်ပွဲအခမ်းအနားကို (၂၆-၇-၂၀၁၈)ရက်နေ့ နေ့လည်(၁:၃၀) နာရီ၌ ရန်ကုန်မြို့၊ မြန်မာ့အာမခံလုပ်ငန်းရုံးချုပ်တွင်ကျင်းပရာ မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးနှင့် ဌာနအကြီးအကဲများ၊ အရာထမ်းများ၊ ဖိတ်ကြားထားသောအကျိုးခံစားခွင့်ရှိသူများ တက်ရောက်ကြပါသည်။
မြန်မာ့အာမခံလုပ်ငန်း၊ ကျောက်ဆည်ခရိုင်ရုံး၏ အာမခံဆိုင်ရာအသိပညာပြန့်ပွားရေးဟောပြော ရှင်းလင်းပွဲအခမ်းအနားကို ၁၅-၆-၂၀၁၈ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီက ကျောက်ဆည်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
