Date:

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းမှ ကြီးကြပ်/စာရေးဝန်ထမ်း များအာမခံမွမ်းမံသင်တန်း ၃/၂၀၁၇ ကို မြန်မာ့အာမခံလုပ်ငန်း(ရုံးချုပ်) ဆဌမထပ်၊ သင်တန်း ခန်းမ၌ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၂၆)ရက်တွင် စတင်ဖွင့်လှစ်ပို့ချခဲ့ရာ သင်တန်းသားဦးရေ (၇၉)ဦး တက်ရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁၀)ရက်နေ့ထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါသည်။ ကြီးကြပ်ဝန်ထမ်းများအတွက် အခြေခံကွန်ပျူတာသင်တန်းကိုလည်း ဆက်လက်ပို့ချသွားမည် ဖြစ်ပါသည်။

Date:

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းနှင့် ဂျပန်နိုင်ငံ အထွေထွေ အာမခံအစည်းအရုံး(GIAJ)တို့ ပူးပေါင်း၍ အာမခံအသင်း အခန်းကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲ Seminar on the Role of Insurance Association ကျင်းပပြုလုပ်သည့် အခမ်းအနားကို ရန်ကုန်မြို့၊ မြန်မာ့အာမခံလုပ်ငန်း(ရုံးချုပ်)၊ ဆဌမထပ်၊ အစည်းအဝေးခန်းမ၌ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ တာဝန်ရှိသူများ၊ မြန်မာ့အာမခံလုပ်ငန်း၊ ပုဂ္ဂလိကအာမခံကုမ္ပဏီ ၁၁ ခု နှင့် ရန်ကုန်သီလဝါ စက်မှုဇုန်(SEZ)ရှိ ဂျပန်အာမခံကုမ္ပဏီများ၏ CEO နှင့် Senior Management (၅၀)ဦးခန့် တက်ရောက်ခဲ့ကြ ပါသည်။