Date:

မြန်မာ့အာမခံလုပ်ငန်း၊ တနင်္သာရီတိုင်းဒေသကြီးရုံးမှ အာမခံအသိပညာပြန့်ပွားတိုးတက်ရန် ဟောပြောပွဲအား (၈-၁-၂၀၁၈)ရက်နေ့ နံနက်(၉:၀၀)နာရီတွင် ထားဝယ်မြို့၊ ပညာရေးကောလိပ်၌ ကျင်းပပြုလုပ်ခဲ့ရာ ပညာရေးကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အဆိုပါဟောပြောပွဲတွင် တိုင်းဒေသကြီးတာဝန်ခံမှ မြန်မာ့အာမခံလုပ်ငန်းမှ ဆောင်ရွက်လျက်ရှိသည့် အာမခံအမျိုးအစားများကို ရှင်းလင်းပြောကြားခဲ့ပြီး အဓိကအားဖြင့် ပြည်သူ့ဝန်ထမ်းအသက်အာမခံ၊ သူတစ်ပါးထိခိုက်မှုအာမခံနှင့် မီးအာမခံအကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ ပဲခူးတိုင်းဒေသကြီးရုံးမှ အာမခံအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲကို (၆-၁-၂၀၁၈)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် သနပ်ပင်မြို့၊ မင်းရွာ၊ အရိယာမဂ္ဂင်ဓမ္မာရုံကြီးတွင် ကျင်းပပြုလုပ်ရာ မင်းရွာရဲစခန်းမှူးနှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အရာရှိများ၊ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် စိတ်ဝင်စားသူများ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ မကွေးတိုင်းဒေသကြီးရုံးမှ (၂၇-၈-၂၀၁၇)ရက်နေ့ ပျော်ဘွယ်မြို့နယ်တွင် ယာဉ်အမှတ် HSE/4318 ဖြင့်ထိခိုက်မှုဖြစ်၍ သေဆုံးသူ ဦးကိုကိုလတ် အတွက် အကျိုးခံစားခွင့်ရှိသူ ဒေါ်အေးအေးမွန် အား (၁-၁၂-၂၀၁၇)ရက်နေ့ တွင် တိုင်းတာဝန်ခံမှ သူတစ်ပါးထိခိုက်မှုအာမခံလျော်ကြေးငွေကျပ် ၁၀ သိန်း၊ (၂-၈-၂၀၁၇) ရက်နေ့ စလင်းမြို့နယ်တွင် ယာဉ်အမှတ် ၄၈ယ/၆၆၉၇၂ ဖြင့် ထိခိုက်မှုဖြစ်၍ သေဆုံးသူ ဦးကောင်းမြတ်ကိုကိုအတွက် အကျိုးခံစားခွင့်ရှိသူ ဒေါ်မိုးမိုးမြင့် အား (၁-၁၂-၂၀၁၇)ရက်နေ့ တွင် တိုင်းတာဝန်ခံမှ သူတစ်ပါးထိခိုက်မှုအာမခံလျော်ကြေးငွေကျပ် ၁၀ သိန်း၊ (၁၆-၁၀-၂၀၁၇)ရက်နေ့ ချောက်မြို့နယ်တွင် ယာဉ်အမှတ် 1C/5789 ​မော်တော်ယာဉ်

Date:

မြန်မာ့အာမခံလုပ်ငန်း၊ မြဝတီခရိုင်ရုံးမှ အာမခံအကြောင်း အသိပညာပေး ဟောပြောပွဲကို (၅-၁၂-၂၀၁၇)ရက်နေ့ ည(၇:၀၀)နာရီတွင် မြဝတီမြို့ အမှတ်(၁)ရပ်ကွက်၊ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ  စုစုပေါင်း (၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် မြဝတီခရိုင်ရုံးတာဝန်ခံမှ အာမခံလုပ်ငန်းကြီး(၅)မျိုးအနက် အသက်အာမခံလုပ်ငန်းမှ တောင်သူလယ်သမားအသက်အာမခံနှင့် မြွေအန္တရာယ် အသက်အာမခံအား အဓိကထား ဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်လာသူများမှ သိလိုသည့် အကြောင်းအရာများကို မေးမြန်းရာ ခရိုင်တာဝန်ခံမှ အသေးစိတ်ရှင်းလင်း ဖြေကြားခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ ရှမ်းပြည်နယ်ရုံး(တောင်ကြီး)မှ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ဦးသက်ညီသူလှိုင်အတွက် အကျိုးခံစားခွင့်ရှိသူ ဖခင် ဦးရာသိုးရိုင်းအားလည်းကောင်း၊ သေဆုံးသူ ဦးလှထွန်းအတွက် အကျိုးခံစားခွင့်ရှိသူ ဇနီး ဒေါ်ကြည်ဦးအားလည်းကောင်း၊ သေဆုံးသူ ဦးစံငြိမ်း(ခ)ဦးမောင်ပုအတွက် အကျိုးခံစားခွင့်ရှိသူ ဇနီး ဒေါ်နုနုအားလည်းကောင်း သူတစ်ပါးထိခိုက်မှုအာမခံလျော်ကြေးငွေကျပ် ၁၀ သိန်းစီအား ပေးအပ်ခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ မကွေးတိုင်းဒေသကြီးရုံးအနေဖြင့် (၆-၈-၂၀၁၇)ရက်နေ့ တောင်တွင်းကြီးမြို့နယ်တွင် ယာဉ်အမှတ် ၃၃ယ/၆၂၁၈၀ ဖြင့် ထိခိုက်မှုဖြစ်၍ သေဆုံးသူ ဦးမင်းသူ(ခေါ်)မျိုးမင်းသူအတွက် အကျိုးခံစားခွင့်ရှိသူ ဒေါ်ဖြိုးဆုလှိုင်အား (၁၄-၁၁-၂၀၁၇)ရက်နေ့တွင် တိုင်းတာဝန်ခံမှ သူတစ်ပါးထိခိုက်မှုအာမခံလျော်ကြေးငွေ ကျပ် ၁၀ သိန်း၊ (၇-၇-၂၀၁၇)ရက်နေ့ မကွေးမြို့နယ်တွင် ယာဉ်အမှတ် ၂၉ယ/၁၆၇၈ ဖြင့် ထိခိုက်မှုဖြစ်၍ သေဆုံးသူ ရှင်သုဇာတ/ဦးသန်းထွန်း အတွက် အကျိုးခံစားခွင့်ရှိသူ ဦးအောင်ခန့်အား (၂၁-၁၁-၂၀၁၇)ရက်နေ့တွင် တိုင်းတာဝန်ခံမှ သူတစ်ပါးထိခိုက်မှုအာမခံ လျော်ကြေးငွေကျပ် ၁၀ သိန်း၊ (၂၄-၆-၂၀၁၇)ရက်နေ့ တောင်တွင်းကြီးမြို့နယ်တွင်

Date:

မြန်မာ့အာမခံလုပ်ငန်း၊ သာယာဝတီခရိုင်ရုံးမှ သာယာဝတီမြို့၊ လယ်ယာဖွံ့ဖြိုးရေးဘဏ် အစည်းအဝေးခန်းမ၌ (၁၉-၁၂-၂၀၁၇)ရက်နေ့ မွန်းလွဲ ၁:၀၀ နာရီတွင် အာမခံလုပ်ငန်း အသိပညာပြန့်ပွားရေးဟောပြောပွဲကျင်းပရာ တောင်သူလယ်သမားအသက်အာမခံအား အဓိကထားဟောပြော၍ အခြားအာမခံလုပ်ငန်းများအကြောင်းလည်း ဟောပြောခဲ့ရာ လူဦးရေ (၂၀၀)ခန့် တက်ရောက်ခဲ့ပါသည်။

Date:

            မြန်မာ့အာမခံလုပ်ငန်း၊ ရှမ်းပြည်နယ်ရုံး (တောင်ကြီး) မှ (၂၁-၁၁-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာအုပ်စု၊ လူရိုးတောင်ကျေးရွာ၌ တောင်သူလယ်သမား အသက်အာမခံ လုပ်ငန်းရရှိရန် စည်းရုံးဟောပြောခြင်းနှင့် အာမခံလက်ခံဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ၂၃-၁၁-၂၀၁၇ ရက်နေ့ထိ တောင်သူလယ်သမားအသက်အာမခံထားရှိသူ ဦးရေ (၈၇) ဦးနှင့် အာမခံကြေး ငွေကျပ် ၄၅၁,၀၀၀/- ရရှိခဲ့ပြီးဖြစ်ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ မူဆယ်ခရိုင်ရုံး၊ မူဆယ်မြို့မှ အာမခံအကြောင်း သိကောင်းစရာ ဆွေးနွေးဟောပြောပွဲကို (၁၈-၁၁-၂၀၁၇)ရက်နေ့ နေ့လည်(၂:၀၀)နာရီအချိန်တွင် မြန်မာ့အာမခံလုပ်ငန်း၊ မူဆယ်ခရိုင်ရုံးအပေါ်ထပ်၌ ကျင်းပရာ (၃၀)ဦးခန့်တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် မူဆယ်ခရိုင်တာဝန်ခံ ဦးအောင်မျိုးထွန်းမှ ပြည်သူ့ဝန်ထမ်းအသက် အာမခံ၊ ကျန်းမာရေးအာမခံ၊ မြွေအန္တရာယ်အာမခံ၊ တောင်သူလယ်သမားအသက်အာမခံ၊ သူတစ်ပါးထိခိုက်မှုအာမခံ၊ မီးနှင့်အမျိုးမျိုးအာမခံနှင့် ရေ/လေခရီးသွားအာမခံအကြောင်း ရှင်းလင်းဟောပြောခဲ့ပါသည်။

Date:

          ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မြန်မာ့အာမခံလုပ်ငန်းမှ ရုံးချုပ်၏ လမ်းညွှန် မှာကြားချက်နှင့်အညီ တောင်သူလယ်သမားအသက်အာမခံ နှင့် မြွေအန္တရာယ်အသက်အာမခံ လုပ်ငန်းစီမံချက် (၂) မျိုးကို အဓိကထား၍ အာမခံလုပ်ငန်းများဆိုင်ရာ အသိပညာပေးဆွေးနွေး ဟောပြောပွဲများကို နေပြည်တော်ကောင်စီ၏ ပံ့ပိုးကူညီမှုဖြင့် ၄-၁၁-၂၀၁၇ နှင့် ၅-၁၁-၂၀၁၇ နေ့များတွင် ကျင်းပရာ နေပြည်တော်ပျဉ်းမနားရှိ ဆင်သေ၊ နတ်သူရဲ၊ ဇီးဖြူပင်၊ နှမ်းတော၊ ပေါစံခေါကျေးရွာ (၅) ရွာခန့်ရှိ ပြည်သူလူထုထံသို့ တောင်သူလယ်သမားများနှင့် မိသားစုဝင်များ အသက်အာမခံ နှင့် မြွေအန္တရာယ်အသက်အာမခံလုပ်ငန်းများကြောင်း ပြည့်စု