စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းနှင့် ထိုင်းနိုင်ငံပိုင် Road Accident VICTIMS Protection Co.,Ltd. (RVP), Thai General Insurance Association (TGIA) တို့အကြား နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးပွဲအခမ်းအနားကို မြန်မာ့အာမခံ လုပ်ငန်း ရုံးချုပ်(ရန်ကုန်)၌ ယနေ့ (၁၂.၃.၂၀၁၉) ရက်နေ့ နံနက်(၁၁:၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးဇော်နိုင်၊ မြန်မာ့အာမခံ လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦး၊ ထိုင်းနိုင်ငံ Road Accident VICTIMS Protection Co.,Ltd. (RVP) ၏ ဦးဆောင်ညွှန်ကြားရေးမှူး Mr.
မြန်မာ့အာမခံလုပ်ငန်းသတင်းများ
မြန်မာ့အာမခံလုပ်ငန်း၊ မန္တလေးတိုင်းဒေသကြီးရုံး၏ အာမခံလုပ်ငန်းအကြောင်း အသိပညာ ပြန့်ပွားရေးဟောပြောပွဲကို (၁၃-၂-၂၀၁၉) ရက်နေ့ နေ့လည် (၁၅:၀၀) နာရီအချိန်တွင် ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အရာထမ်း/အမှု့ထမ်း စုစုပေါင်း(၁၀၀)ဦး တက်ရောက်ခဲ့ပြီး နိုင်ငံဝန်ထမ်းအသက်အာမခံ(ကာလတို) ထားရှိရန်အတွက် စည်းရုံးလက်ခံ ဆောင်ရွက်ခဲ့ပါသည်။
မြန်မာ့အာမခံလုပ်ငန်း၊ စစ်ကိုင်းတိုင်းဒေသကြီးရုံး၊ မုံရွာမြို့မှ အာမခံလုပ်ငန်းအကြောင်း သိကောင်းစရာဟောပြောပွဲကို (၃-၂-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် မုံရွာမြို့၊ နည်းပညာတက္ကသိုလ် အစည်းအဝေးခန်းမ၌ကျင်းပရာ ပါမောက္ခချုပ်နှင့် တက္ကသိုလ် ဆရာ/ဆရာမများ စုစုပေါင်း တက်ရောက်သူဦးရေ (၇၀)ဦး တက်ရောက်ခဲ့ပါသည်။
မြန်မာ့အာမခံလုပ်ငန်း၊ မန္တလေးတိုင်းဒေသကြီးရုံးမှ အာမခံလုပ်ငန်းအကြောင်း အသိပညာ ပြန့်ပွားရေးဟောပြောပွဲကို (၂၉-၁-၂၀၁၉) ရက်နေ့ နေ့လည် (၁၄:၀၀) နာရီအချိန်တွင် ကျောက်ဆည်ခရိုင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ အစည်းအဝေးခန်းတွင် ကျင်းပရာ ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ စက်ရုံမှူး၊ ဒုတိယစက်ရုံမှူးနှင့် အရာထမ်း/အမှု့ထမ်း စုစုပေါင်း(၇၅)ဦး တက်ရောက်ခဲ့ကြပါသည်။
မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် ပြည်သူများ သွားလာမှုလွယ်ကူချောမွေ့စေရေးအတွက် မော်တော်ယာဉ်လိုင်စင်သက်တမ်းတိုးခြင်း၊ ယာဉ်မောင်းလိုင်စင်များအတွက် သူတစ်ပါး ထိခိုက်မှုအာမခံပရီမီယံကြေးကောက်ခံခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးနိုင်ရေးအတွက် (၁၈.၂.၂၀၁၉) ရက်နေ့၊ (၁၃:၀၀)နာရီတွင် ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံး ကိုဖွင့်လှစ်ခဲ့ ပါသည်။ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ မော်တော်ယာဉ် (၁၄၂၄၆)စီးနှင့် ယာဉ်မောင်းလိုင်စင်(၂၂၁၆၈၀)ဦးတို့အတွက် မြန်မာ့အာမခံလုပ်ငန်းရုံးချုပ်သို့ လာရောက်ဆောင်ရွက်ရန် မလိုအပ်တော့ပါသဖြင့် အချိန်ကုန် လူပင်ပန်းသက်သာစေပါသည်။ ထိုသို့အဆင်ပြေချောမွေ့စေရန် မြန်မာ့အာမခံလုပ်ငန်းနှင့် ကုန်းလမ်း
မြန်မာ့အာမခံလုပ်ငန်း၊ မြဝတီခရိုင်ရုံးမှ အာမခံအကြောင်း အသိပညာပေးဟောပြောပွဲကို (၃၁.၁.၂၀၁၉) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ခရိုင်ပြည်သူ့ဆေးရုံးကြီး၊ မြဝတီမြို့တွင် ကျင်းပပြုလုပ်ရာတက်ရောက်ဦးရေ (၇၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် တာဝန်ခံမှ အာမခံလုပ်ငန်းကြီး (၅) မျိုးအနက် အသက်အာမခံလုပ်ငန်း ဖြစ်သော နိုင်ငံ့ဝန်ထမ်းအသက်အာမခံ(ကာလတို)၊ သူတစ်ပါးထိခိုက်မှုအာမခံနှင့် အလုံးစုံမော်တော်ယာဉ်အာမခံ အကြောင်းများအား ဟောပြောခဲ့ပြီး တက်ရောက်လာသည့် ကျန်းမာရေးဝန်ထမ်းများမှ သိလိုသည့် အကြောင်းအရာများကိုလည်း ခရိုင်တာဝန်ခံနှင့် ဒု-တာဝန်ခံတို့မှ အသေးစိပ်ရှင်းလင်းဖြေကြားခဲ့ပါသည်။
မြန်မာ့အာမခံလုပ်ငန်း၊ စစ်ကိုင်းခရိုင်ရုံးမှ အာမခံအကြောင်းသိကောင်းစရာ ဟောပြောပွဲကို (၃၀.၁.၂၀၁၉)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ထီးလှိုင်ရှင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြောင်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ နှင့် မြို့နယ်စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/ဝန်ထမ်းများ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများစုစုပေါင်း (၁၃၉)ဦး ခန့်တက်ရောက်ခဲ့ပါသည်။
မြန်မာ့အာမခံလုပ်ငန်း၊ သံတွဲခရိုင်ရုံးမှ အာမခံလုပ်ငန်းအကြောင်းနှင့် အာမခံထားရှိခြင်းဖြင့် ရရှိနိုင်သော အကျိုးရလာဒ်များ ဆွေးနွေးပွဲစကားဝိုင်းကို (၂၄.၁.၂၀၁၉) ရက်နေ့ မွန်းလွဲ (၁၄:၀၀)နာရီအချိန်တွင် ဂွမြို့နယ်၊ ဆပ်သွားတိုက်နယ်၊ အ.ထ.က ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ရပ်မိရပ်ဖများနှင့် လုပ်ငန်းရှင်များ အင်အား (၁၀၀)ဦး တက်ရောက်ခဲ့ကြပါသည်။
မြန်မာ့အာမခံလုပ်ငန်း၊ မန္တလေးတိုင်းဒေသကြီးရုံးမှ (၂၅.၁.၂၀၁၉)ရက်နေ့ နေ့လည်(၁:၀၀)နာရီ အချိန်တွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း(မန္တလေး)မှ ကြီးမှူးကျင်းပသော ခရီး သွားလုပ်ငန်းဆိုင်ရာ ဗီဇာများအကြောင်း၊ ခရီးသွားဆိုင်ရာ ခရီးသွားအာမခံလုပ်ငန်းနှင့် အလုံးစုံမော်တော်ယာဉ်အာမခံလုပ်ငန်းအကြောင်း ဟောပြောဆွေးနွေးပွဲအား မန္တလေးမြို့ အောင်မြေသာဇံမြို့နယ်၊ အောင်မြင်ခြင်းဟိုတယ်၌ ကျင်းပခဲ့ရာ တက်ရောက်သူဦးရေ (၁၃၀) ဦး ခန့် တက်ရောက်ကြပါသည်။
