မြန်မာ့အာမခံလုပ်ငန်းရှိ အရာထမ်း/ဝန်ထမ်းများအား အာမခံလုပ်ငန်းများကို ကွန်ပျူတာ စနစ်ဖြင့်ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် ခေတ်နှင့်အမှီ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံကွန်ပျူတာသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ကွန်ပျူတာတတ်မြောက်မှု မရှိသေးသည့် အရာထမ်း/ဝန်ထမ်း ၂၇၆ ဦးအနက်မှ ထပ်မံ၍ မနက်ပိုင်းသင်တန်းတွင် သင်တန်းသား (၂၂) ဦး၊ မွန်းလွဲပိုင်းသင်တန်းတွင် (၂၁) ဦးဖြင့် (၄၃) ဦးတို့အား ရုံးချုပ်၊ ကွန်ပျူတာသင်တန်းခန်းမတွင် ၉-၁၀-၂၀၁၇ မှ ၁၀-၁၁-၂၀၁၇ ထိ ဖွင့်လှစ်ပို့ချပေးခဲ့ပါသည်။
မြန်မာ့အာမခံလုပ်ငန်းသတင်းများ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၊ မြန်မာ့အာမခံလုပ်ငန်းတွင် အာမခံအကာအကွယ်များ ဝယ်ယူထားရှိပြီး မော်တော်ယာဉ်၊ လူ့အသက်ဆုံးရှုံးခဲ့သူများသို့ ဆုံးရှုံးမှုနစ်နာကြေးပေးအပ်ပွဲ အခမ်းအနားအား ရန်ကုန်မြို့၊ မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်) ၊ စတုတ္ထထပ်၊ အစည်းအဝေးခန်းမတွင် ၂၄.၁၁.၂၀၁၇ ရက်နေ့ (၁၄:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
မြန်မာ့အာမခံလုပ်ငန်း၊ မြိတ်ခရိုင်ရုံးမှ အာမခံအကြောင်းသိကောင်းစရာ ရှင်းလင်းဟောပြောပွဲကို (၇-၁၁-၂၀၁၇)ရက်နေ့ မွန်းလွဲ(၁:၃၀)နာရီအချိန်တွင် မြိတ်မြို့၊ စည်ပင်သာယာရေးအဖွဲ့ ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ပြည်သူလူထု(၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။
မြန်မာ့အာမခံလုပ်ငန်း၊ မြင်းခြံခရိုင်ရုံး၏ အာမခံအကြောင်းသိကောင်းစရာ ဆွေးနွေး ဟောပြောပွဲကို (၃၀-၁၀-၂၀၁၇)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြင်းခြံမြို့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်ကျေးရွာအထွေထွေအုပ်ချုပ်ရေး စာရေးဝန်ထမ်းများ စုစုပေါင်း(၁၀၀)ဦးခန့်တက်ရောက်ကြပါသည်။
Credit Guarantee Insurance လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို (၁၇.၁၁.၂၀၁၇) ရက်နေ့ နေ့လည်(၂:၀၀)နာရီတွင် မြန်မာ့အာမခံလုပ်ငန်း(ရုံးချုပ်)၌ ကျင်းပခဲ့ပါသည်။
ညှိနှိုင်းဆွေးနွေးပွဲသို့ မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အရာရှိများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ရင်းနှီးမြုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ အရာရှိကြီးများ၊ JICA နှင့် SMBC မှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကဘဏ်များ အားလုံးမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကန်ရိပ်သာလမ်းရှိ ကန်တော်ကြီးပဲလေ့စ်ဟိုတယ် အဆောက်အဦးသည် (၁၉-၁၀-၂၀၁၇)ရက်နေ့ နံနက်(၃:၀၀)နာရီအချိန်တွင် မီးလောင်မှုဖြစ်ပွား ခဲ့ရာ၌ Hotel အဆောက်အဦးနှင့် Club အဆောက်အဦး(၂)လုံး မီးလောင်ဆုံးရှုံးခဲ့မှုအတွက် လျော်ကြေးပေးအပ်ပွဲအခမ်းအနားကို (၁၇-၁၁-၂၀၁၇)ရက်နေ့ နေ့လည်(၁၁:၀၀)နာရီအချိန်တွင် မြန်မာ့အာမခံလုပ်ငန်းရုံးချုပ် စတုတ္ထထပ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးနှင့် အဖွဲ့သည် (၁၁-၁၁-၂၀၁၇)ရက်နေ့တွင် နိုင်ငံတော်ပိုင် မြန်မာ့အာမခံလုပ်ငန်းတွင် တောင်သူလယ်သမား အသက်အာမခံ ထားရှိသူ ၁ ဦး အတွက် လျော်ကြေးပေးအပ်ခဲ့ပြီး အာမခံအကြောင်း ပြည်သူလူထု ပိုမိုသိရှိစေရန်ရည်ရွယ်၍ ရှင်းလင်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကာ မြန်မာ့အာမခံလုပ်ငန်း ပခုက္ကူခရိုင်ရုံးမှ ဝန်ထမ်းများနှင့်အတူ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ပါသည်
မြန်မာ့အာမခံလုပ်ငန်း မြင်းခြံခရိုင်ရုံး၏ ဝင်ငွေလျာထားချက် ပိုမိုတိုးတက်ရရှိစေရေး၊ မြန်မာ့အာမခံလုပ်ငန်းမှဆောင်ရွက်နေသော အာမခံ လုပ်ငန်းဆိုင်ရာများအား ပြည်သူလူထုအတွင်း ကျယ်ပြန့်စွာသိရှိနားလည်စေရေး ရည်ရွယ်၍ မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးသည် မြန်မာ့အာမခံလုပ်ငန်း မြင်းခြံခရိုင်ရုံး အရာထမ်းဝန်ထမ်းများနှင့် ၁၃.၁၁.၂၀၁၇ ရက်နေ့ နံနက် ၀၉း၃၀ နာရီမှ ၁၁း၃၀ နာရီအထိ တွေ့ဆုံမှာကြားခဲ့ပါသည်။
မြန်မာ့အာမခံလုပ်ငန်း၊ ကယားပြည်နယ်ရုံးမှ ပြည်နယ်တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်နေသူ ကြီးကြပ်ရေးမှူး ဒေါ်အေးအေးမြင့်မှ စီမံကိန်း၊ ငွေရေးကြေးရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၁၇) သင်တန်းသို့ (၁၆.၁၀.၂၀၁၇) ရက်နေ့နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီအထိ မြန်မာ့အာမခံလုပ်ငန်း၊ အာမခံဘာသာရပ်သင်တန်းမှတ်စုများကို ရှင်းလင်းသင်ကြားပေးခဲ့ပြီး သိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြည်နယ်တာဝန်ခံမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။

ချင်းပြည်နယ်၊ တီးတိန်မြို့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ ၁၀.၁၀ ၂၀၁၇ ရက်နေ့တွင် ထွက်ခွာလာသော မော်တော်ယာဉ်အမှတ်၊ ၈ည-၁၉၈၅ သည် တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာ အနီးအရောက် အတက်ကားကို ဦးစားပေး၍ လမ်းဘေးချ၍ ယာဉ်ရပ်ထားစဉ် လမ်းဘေးမြေသားအိကျ၍ လမ်းဘေးချောက်ခဲသို့ထိုးကျ ယာဉ်တိမ်း မှောက်မှုဖြစ်ပွားခဲ့ပါသည်။ ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသူ ခရီးသည်များ အနက် ခရီးသည် (၅)ဦးသေဆုံးခဲ့ပြီး၊ (၁၃) ဦး ဒဏ်ရာရရှိခဲ့ခြင်းအတွက် သူတစ်ပါးထိခိုက်မှု အာမခံနစ်နာကြေးပေးချေခြင်း လျော်ကြေးပေးအပ်ပွဲ အခမ်းအနားအား ၆.၁၁.၂၀၁၇ နေ့ (၀၉:၀၀) နာရီတွင် ကလေးမြို့၊ မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်ရာ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီ
