Date:

မြန်မာ့အာမခံလုပ်ငန်းနှင့် Pana Harrison (Asia) Pte., Ltd. တို့၏အစီအစဉ်ဖြင့် Understanding and Managing an Insurer’s Risks ​ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ၁၇-၈-၂၀၁၇ ရက်နေ့ နံနက် ၉:၀၀ နာရီမှစတင်၍  ညနေ ၄:၃၀ နာရီအချိန်အထိ မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်) ဆွေးနွေးပွဲခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

Date:

၁၆-၈-၂၀၁၇ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် A.M. Best - EMEA & Asia Pacific မှ Chief Executive Officer နှင့်အဖွဲ့သည် မြန်မာ့အာမခံလုပ်ငန်းသို့ လာရောက်၍ အထွေထွေမန်နေဂျာနှင့်အဖွဲ့အား Credit Rating in Emerging Market အကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

Date:

၁၅-၈-၂၀၁၇ ရက်နေ့ နေ့လည် ၂:၃၀ နာရီတွင် Pana Harrison (Asia) Pte. Ltd. မှ Regional Director နှင့် Swiss Re မှ Vice President ဦးဆောင်သည့်အဖွဲ့တို့ မြန်မာ့အာမခံလုပ်ငန်းသို့ လာရောက်၍ အထွေထွေမန်နေဂျာနှင့်တွေ့ဆုံပြီး Reinsurance နှင့် Engineering Insurance အကြောင်း ဆွေးနွေးခဲ့ပါသည်။

Date:

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းတွင် အာမခံအကာအကွယ်များ ဝယ်ယူထားရှိပြီး ရေကြောင်းကုန်ပစ္စည်း၊ ရေယာဉ်ကိုယ်ထည်နှင့် လူ့အသက်ဆုံးရှုံးခဲ့သူများ အတွက် ဆုံးရှုံးနစ်နာမှုလျော်ကြေးပေးအပ်သည့် အခမ်းအနားကို ရန်ကုန်မြို့၊ မြန်မာ့အာမခံ လုပ်ငန်း(ရုံးချုပ်) စတုတ္ထထပ်အစည်းအဝေးခန်းမ၌ ၄-၈-၂၀၁၇ ရက်နေ့ ၁၅:၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

Date:

၄-၈-၂၀၁၇ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီတွင် မြန်မာ့အာမခံလုပ်ငန်းရုံးချုပ်၌ မြန်မာ့အာမခံ လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးနှင့်အဖွဲ့အား ဗြိတိသျှသံရုံးမှ တာဝန်ရှိသူများ လာရောက်၍ Capital Markets Development နှင့် Innovative Finance အကြောင်း လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

Date:

၃-၈-၂၀၁၇ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီတွင် Fullerton Myanmar မှ General Manager Mr. Leslie Lee Chee Wei နှင့်အဖွဲ့သည် မြန်မာ့အာမခံလုပ်ငန်းသို့ လာရောက်၍ မြန်မာ့ အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးနှင့်အဖွဲ့အား လာရောက်တွေ့ဆုံ၍ Micro Insurance အကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

Date:

၁-၈-၂၀၁၇ ရက်နေ့ ညနေတွင် Gesellschaft Internationale Zusammenarbeit-Banking and Financial Sector Development(GIZ-BFSD) မှ Program Manager နှင့်အဖွဲ့သည် မြန်မာ့အာမခံ လုပ်ငန်းသို့ လာရောက်၍ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ မူဘောင်နှင့် မြန်မာ့အာမခံအသင်းဖွဲ့စည်းမှု မူဘောင်တို့နှင့်စပ်လျဉ်းသည့်ကိစ္စရပ်များကို မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ စန္ဒာဦးနှင့်အဖွဲ့အား လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

Date:

၂၅-၇-၂၀၁၇ ရက်နေ့ မွန်းလွဲ ၂:၃၀ နာရီ အချိန်တွင် Shin Kong Life Insurance မှ မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးအား လာရောက်တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်းရှိ အရာထမ်း/ဝန်ထမ်းများအတွက် အခြေခံကွန်ပျူတာသင်တန်း (၁/၂၀၁၇)အား ရုံးချုပ်၊ ကွန်ပျူတာသင်တန်းခန်းမတွင် ၂၄-၇-၂၀၁၇ မှ ၁၈-၈-၂၀၁၇ ထိ ဖွင့်လှစ်လျက်ရှိရာ မနက်ပိုင်းသင်တန်းတွင် သင်တန်းသား (၂၂) ဦး၊ မွန်းလွဲပိုင်းသင်တန်းတွင် (၂၂) ဦးဖြင့် စုစုပေါင်း(၄၄) ဦး တက်ရောက်လျက် ရှိပါသည်။

Date:

(၁၄-၇-၂၀၁၇)ရက်နေ့၊ မွန်းလွဲ(၃:၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တွင် YBS(၅၅)မှ YBS(၃၇)သို့ ဝင်ရောက်တိုက်မိရာမှ ခရီးသည်(၁၀)ဦး သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်ရှိသူ မိသားစုဝင်များအား YRTA(Yangon Region Transport Authority) ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှတစ်ဆင့် သွားရောက် ပေးအပ်ခဲ့ပါသည်။ ယင်းအခမ်းအနားသို့ မြန်မာ့အာမခံလုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးခင်မောင်ဝင်းနှင့် အရာထမ်း၊ ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။