Date:

မြန်မာ့အာမခံလုပ်ငန်း၊ ကလေးခရိုင်ရုံးမှ ခရိုင်တာဝန်ခံနှင့်အဖွဲ့သည် (၂၆.၈.၂၀၁၇) ရက်နေ့ မွန်းလွဲ (၃:၀၀) နာရီတွင် အ.ထ.က(၁)ကလေးမြို့ အစည်းအဝေးခန်းမ၌ ဆရာ/ဆရာမ (၃၀)ဦးနှင့် တွေ့ဆုံ၍ မြန်မာ့အာမခံမှ ဆောင်ရွက်နေသောလုပ်ငန်းများသိကောင်းစရာများနှင့် ဝန်ထမ်းများအသက်အာမခံထားရှိရေးကိစ္စများကို အကျယ်တဝင့်ဆွေးနွေးစည်းရုံးဆောင်ရွက်ခဲ့ပါသည်။

Date:

မကွေးတိုင်းဒေသကြီးရုံးရှိ တိုင်းတာဝန်ခံ နှင့် တာဝန်ရှိသူများသည် (၂၁.၅.၂၀၁၇) ရက်နေ့ မကွေးမြို့ လေပြင်းတိုက်ခတ်မှုတွင် ရိုးမဘဏ် ချေးငွေဖြင့် မီးအာမခံနှင့်တွဲဘက်၍ လေပြင်းအကာအကွယ် ထားရှိသော ဦးဟန်မောင်၏ လူနေတန်းလျားလဲပြိုပျက်စီးဆုံးရှုံးမှုအတွက် လျော်ကြေးငွေကျပ် ၂၂၉၈၈၅၀/- ကို ရိုးမဘဏ် မန်နေဂျာ ဦးမြင့်ဇော်အားလည်းကောင်း၊ (၂၉.၁၂.၁၆) ရက်နေ့ မင်းတုန်းမြို့နယ်တွင် ယာဉ်အမှတ် 7G-9248 ဖြင့်ထိခိုက်မှုဖြစ်၍ သေဆုံးသူ(၂) ဦးအတွက် သူတစ်ပါးထိခိုက်မှုအာမခံ နစ်နာကြေးငွေကျပ် (၁၀) သိန်းစီကို ဦးစန်းအောင်မြင့် သေဆုံးမှုအတွက် ဇနီးတော်စပ်သူ ဒေါ်ခင်မိမိလေး အားလည်းကောင်း၊ ဦးငွေတိုး သေဆုံးမှုအတွက် ဇနီးတော်စပ်သူ ဒေါ်အေးသိန

Date:

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းမှ အလုံးစုံမော်တော်ယာဉ်အာမခံနှင့် သူတစ်ပါး ထိခိုက်မှုအာမခံ လျော်ကြေးပေးအပ်ပွဲကို ၁၃-၉-၂၀၁၇ ရက်နေ့ မွန်းလွဲ ၃:၀၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး မော်တော်ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးနှင့် အရာထမ်း၊ ဝန်ထမ်းများ၊ ယာဉ်လိုင်းများကြီးကြပ်ရေးကော်မတီ အဝေးပြေး ဥက္ကဌနှင့် တာဝန်ရှိသူများ၊ အကျိုးခံစားခွင့်ရှိသူ (၃) ဦးနှင့် နစ်နာသူမိသားစုဝင် (၁၁) ဦး၏ မိသားစုဝင်များတက်ရောက်ကြပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်းမှ ခရီးသွားအာမခံနှင့် သူတစ်ပါးထိခိုက်မှုအာမခံ လျော်ကြေးပေးအပ်ပွဲကို ၉-၉-၂၀၁၇ ရက်နေ့ နံနက် ၁၀ နာရီတွင် YRTA(အဝေးပြေး)ဒဂုံဧရာရုံးခွဲ(လှိုင်သာယာ)၌ ကျင်းပပြုလုပ်ရာ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦး၊ အထွေထွေမန်နေဂျာ ဦးခင်မောင်ဝင်း၊ ဒုတိယအထွေထွေမန်နေဂျာ ဦးညီညီအောင်၊ ဒုတိယအထွေထွေမန်နေဂျာ ဒေါ်ခင်မိုးကြွယ်နှင့် အရာထမ်း ဝန်ထမ်းများ၊ YRTA မှ ဒုတိယလက်ထောက်ဌာနမှူး ဦးမြင့်အောင်နှင့်တာဝန်ရှိသူများ

Date:

မြန်မာ့အာမခံလုပ်ငန်း၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံးမှ အာမခံလုပ်ငန်း အကြောင်း ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ၂၁-၈-၂၀၁၇ ရက်နေ့ နံနက် ၁၁:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ တာချီလိတ်ခရိုင်ရုံးမှ အာမခံအကြောင်း သိကောင်းစရာဆွေးနွေးဟောပြောပွဲ အခမ်းအနားကို တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်းရှိ ခရိုင်ပြန်/ဆက်ရုံး၌ ၆-၈-၂၀၁၇ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ ဟင်္သာတခရိုင်ရုံးမှ အာမခံလုပ်ငန်း အသိပညာပေးဟောပြောပွဲအခမ်းအနားကို ဟင်္သာတခရိုင်၊ စက်မှုလယ်ယာရုံးဝန်းအတွင်း၌ (၁၀-၈-၂၀၁၇)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

            အဆိုပါဟောပြောပွဲ၌ ခရိုင်စက်မှုလယ်ယာရုံးဌာန ဦးစီးမှူး ဦးလှိုင်တိုး၊ မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးကျော်ဟိန်းနှင့် ဌာနဆိုင်ရာမှ (၇၀)ဦးခန့် တက်ရောက်၍ အာမခံလုပ်ငန်းမှ ဆောင်ရွက်နေသည့် လုပ်ငန်း (၅)မျိုးအကြောင်းကို ဟင်္သာတခရိုင်အာမခံရုံးတာဝန်ခံ ဦးနေဝင်းမှ ရှင်းလင်းပြောကြားခဲ့ပါသည်။

Date:

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

မြန်မာ့အာမခံလုပ်ငန်း

လျော်ကြေးပေးအပ်ပွဲ သတင်းထုတ်ပြန်ချက်

 

Date:

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
မြန်မာ့အာမခံလုပ်ငန်း

မြန်မာ့အာမခံလုပ်ငန်း၏ အာမခံကိုယ်စားလှယ်လျှောက်လွှာခေါ်ယူခြင်း

Date:

မြန်မာ့အာမခံလုပ်ငန်း၊ မွန်ပြည်နယ်ရုံးမှ မွန်ပြည်နယ် မော်လမြိုင်မြို့ စုပေါင်းရုံးခန်းမတွင် လွှတ်တော်ကိုယ်စားလှယ်များ မြို့နယ်အဆင့် ဌာနဆိုင်ရာများ စီးပွားရေးလုပ်ငန်းရှင်များ ရပ်ကွက်ကျေးရွာအုပ်ချုပ်​ရေးမှူးများနှင့် ဌာနအသီးသီးမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အာမခံအကြောင်း သိကောင်းစရာများ ရှင်းလင်းဟောပြောဆွေးနွေးပွဲအခမ်းအနားကို ၁၈-၈-၂၀၁၇ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။