ASEAN Compulsory Motor Insurance (ACMI) System မှတစ်ဆင့် Online Process ဖြင့် ဆောင်ရွက်မည့် နယ်စပ်ဖြတ်ကျော်မော်တော်ယာဉ်အာမခံ မိတ်ဆက်ခြင်း အခမ်းအနားသို့ ဒုတိယ ဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်
မြန်မာ့အာမခံလုပ်ငန်းသတင်းများ
လုပ်ငန်းအပ်နှံဆောင်ရွက်ခွင့်ပြုခဲ့ပါကြောင်းကြေညာခြင်း
သင်္ဘောသားအသက်အာမခံ( ၁ )ယူနစ်ထားရှိသူ ဦးတင်အောင်စိုး ( CDC-105871 ) သေဆုံးမှုအတွက် အကျိုးခံစားခွင့် ငွေကျပ် သိန်း( ၅၀ )တိတိကို ၁၅-၂-၂၀၂၃ ရက်နေ့တွင် မြန်မာ့အာမခံလုပ်ငန်း၊ အသက်အာမခံလျော်ကြေးဌာနမှ တာဝန်ရှိသူတစ်ဦးက အကျိုးခံစားခွင့်ရှိသူ ဒေါ်စုစုလှိုင် (ဇနီး )ထံသို့ ပေးချေခဲ့ပါသည်။
မြန်မာနိုင်ငံသား(တရားဝင်)ပြည်ပအလုပ်သမား အသက်အာမခံ ထားရှိသူဦးအောင်ဆန်းဌေး သေဆုံးမှုအတွက် အကျိုးခံစားခွင့် ကျပ်သိန်း(၅၀)တိတိကို မြန်မာ့အာမခံလုပ်ငန်း၊ အသက်အာမခံလျော်ကြေးဌာန၊ ဒုတိယအထွေထွေမန်နေဂျာ ဒေါ်မေသန္တာမှ (၁-၉-၂၀၂၂) နေ့တွင် အကျိုးခံစားခွင့်ရှိသူ ဦးဆန်းဦးအား လျော်ကြေးပေးအပ်ခဲ့ပါသည်။
မြန်မာ့အာမခံလုပ်ငန်း၊ တနင်္သာရီတိုင်းဒေသကြီးရုံးတာဝန်ခံမှ အာမခံလုပ်ငန်းအသိပညာ ပြန့်ပွားတိုးတက်ရန် ဟောပြောပွဲအား (၂-၁၂-၂၀၂၀)ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ထားဝယ်မြို့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ အရာထမ်း/အမှုထမ်း စုစုပေါင်း (၃၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် တိုင်းဒေသကြီးတာဝန်ခံမှ မြန်မာ့အာမခံလုပ်ငန်းမှ လက်ခံဆောင်ရွက် လျက်ရှိသည့် အာမခံအမျိုးအစားများကို ရှင်းလင်းပြောကြားခဲ့ပြီး အထူးကိစ္စရပ်အနေဖြင့် နိုင်ငံ့ဝန်ထမ်းအသက်အာမခံ(ကာလတို)နှင့် ကျန်းမာရေးအာမခံလုပ်ငန်းအကြောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပါသည်။
မြန်မာ့အာမခံလုပ်ငန်း၊ ရှမ်းပြည်နယ်ရုံးတာဝန်ခံမှ အာမခံလုပ်ငန်းအသိပညာပေးဟောပြောပွဲကို (၂၅-၁၀-၂၀၂၀) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွှေညောင်မြို့၊ တောင်လေးလုံး အမှတ်(၄)၊ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းတွင် ပြုလုပ်ခဲ့ရာ သင်တန်းကျောင်းမှ အရာထမ်းနှင့် သင်တန်းသားအင်အား (၁၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။
မြန်မာ့အာမခံလုပ်ငန်း၊ တာချီလိတ်ခရိုင်ရုံးတာဝန်ခံမှ အာမခံအကြောင်း သိကောင်းစရာ ဆွေးနွေးပွဲကို (၁၉-၈-၂၀၂၀) ရက်နေ့၊ ညနေ (၄:၀၀) နာရီတွင် ပါဆတ်ကားလေးကွင်းအတွင်းရှိ မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးတွင်ပြုလုပ်ရာ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ လူကုန်ကူးမှုတားဆီးရေးရဲတပ်ဖွဲ့မှ ဒုရဲမှူး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒု-ဦးစီးမှူး၊ မ.ထ.သ ဥက္ကဌ၊ ယာဉ်လိုင်းဂိတ် (၁၆)ဂိတ်မှ ဂိတ်ပိုင်ရှင်များနှင့် ဂိတ်မှူးများ တက်ရောက်ခဲ့ပါသည်။
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ရက်၊ နံနက် (၉:၃၀) နာရီအချိန်တွင် ASEAN Framework Agreement on the Facilitation of Goods in Transit (AFAFGIT) ပါ Protocol-5 အရ အာဆီယံနယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်အာမခံ ဆောင်ရွက်ပေးနိုင်ရေးနှင့် သက်ဆိုင် သည့် 7th Council of Bureaux Working Group (CoB-WG) Meeting အား video conference ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။


