Date:

မြန်မာ့အာမခံလုပ်ငန်း၊ ရခိုင်ပြည်နယ်တာဝန်ခံမှ အာမခံအကြောင်း သိကောင်းစရာ ဟောပြောပွဲကို (၂၂-၉-၂၀၁၉) ရက်နေ့ နေ့လည် (၁:၀၀) နာရီခန့်အချိန်တွင် စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်၊ မြန်မာ့အာမခံလုပ်ငန်းရုံး အပေါ်ထပ်တွင် ကျင်းပရာ မြို့ပေါ်မှ ဖိတ်ကြားထားသူ (၆၀) ဦးကျော် တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ပြည်နယ်တာဝန်ခံမှ မြန်မာ့အာမခံလုပ်ငန်းတွင် လက်ခံဆောင်ရွက် လျက်ရှိသော လုပ်ငန်း(၅)မျိုးအား ရှင်းလင်းပြောကြားခဲ့ပြီး သူတစ်ပါးထိခိုက်မှုအာမခံ နှင့် မီးအာမခံလုပ်ငန်း အကြောင်းများအား အကျယ်တဝင့် ရှင်းလင်း ​ဟော​ပြောခဲ့ပါသည်[A1] ။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ မြင်းခြံခရိုင်ရုံးတာဝန်ခံမှ အာမခံအကြောင်း သိကောင်းစရာ ဟောပြောပွဲကို (၁-၁၀-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် မြင်းခြံမြို့၊ အမှတ်(၃)တပ်မတော်အကြီးစားစက်ရုံခွဲ၌ ကျင်းပရာ စက်ရုံဝန်ထမ်း (၅၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ နိုင်ငံတော်ပိုင် မြန်မာ့အာမခံလုပ်ငန်းတွင် လက်ခံဆောင်ရွက်လျက်ရှိသော အသက်အာမခံလုပ်ငန်းများနှင့် သူတစ်ပါးထိခိုက်မှုအာမခံ အကြောင်းများအား အသေးစိတ်ရှင်းလင်း ​ဟော​ပြောခဲ့ပါသည် ။

 

Date:

မြန်မာ့အာမခံလုပ်ငန်း၊ သာယာဝတီခရိုင်ရုံးတာဝန်ခံမှ အာမခံအကြောင်း သိကောင်းစရာ ဟောပြောပွဲကို (၂၁-၉-၂၀၁၉) ရက်နေ့ မွန်းလွဲ (၁၂:၃၀) နာရီ အချိန်တွင် သာယာဝတီအကျဉ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အင်အား (၁၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် တာဝန်ခံမှ နိုင်ငံဝန်ထမ်းအသက်အာမခံ(ကာလတို)အား အဓိကထား ဟောပြော၍ အခြားအာမခံလုပ်ငန်းများအကြောင်းလည်း ​ဟော​ပြောခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ ပခုက္ကူခရိုင်ရုံးတာဝန်ခံမှ အာမခံအကြောင်း သိကောင်းစရာ ဟောပြောပွဲကို (၂၉-၈-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ပခုက္ကူတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ ဟောပြောပွဲနှင့်အတူ ကျင်းပပြုလုပ်ရာ အင်အား (၅၀၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် တာဝန်ခံမှ မြန်မာ့အာမခံလုပ်ငန်းတွင် လက်ခံဆောင်ရွက်နေသော လုပ်ငန်းများအကြောင်းကို ရှင်းလင်းဟော​ပြောခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ မိတ္ထီလာခရိုင်ရုံးတာဝန်ခံမှ အာမခံအကြောင်း သိကောင်းစရာ ဟောပြောပွဲကို (၁၉-၈-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် မိတ္ထီလာမြို့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်အတွင်းရှိမြို့နယ်များမှ အရာထမ်း၊ ဝန်ထမ်းများ စုစုပေါင်း (၃၀) ဦးခန့် တက်ရောက်ခဲ့ ပါသည်။

အဆိုပါဟောပြောပွဲတွင် တာဝန်ခံမှ မီးအာမခံနှင့် အသက်အာမခံလုပ်ငန်းများအကြောင်း ​ဟော​ပြောခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ ဧရာဝတီတိုင်းဒေသကြီးရုံးတာဝန်ခံမှ အာမခံအကြောင်း သိကောင်းစရာ ဟောပြောပွဲကို (၁၀-၉-၂၀၁၉) ရက်နေ့ နေ့လည် (၁:၀၀) နာရီ အချိန်တွင် ပုသိမ်မြို့၊ အမှတ်(၁၄)ရပ်ကွက်ရှိ ​ရွှေမင်္ဂလာဓမ္မာရုံတွင် ပြုလုပ်ရာ ရပ်ကွက်(၅) ခု မှ အုပ်ချုပ်ရေးမှူးများ၊ စာ​ရေးဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား (၁၂၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ လားရှိုးခရိုင်ရုံး တာဝန်ခံနှင့် ဝန်ထမ်း(၂)ဦးတို့သည် အာမခံအကြောင်း သိကောင်းစရာစည်းရုံး ဟောပြောပွဲကို (၁၀-၈-၂၀၁၉) ရက်နေ့ နေ့လည် (၁၁:၀၀) နာရီအချိန်တွင် မူဆယ်မြို့၊ အလုပ်သမား ကုန်တင်ကုန်ချကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ လူဦး​ရေ (၁၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

ဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ နိုင်ငံ့ဝန်ထမ်းအသက်အာမခံ(ကာလတို)နှင့်် ကျန်းမာ​ရေး အာမခံအကြောင်း ​ဟော​ပြောခဲ့ပြီး မေးမြန်းသည်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ ဟင်္သာတခရိုင်ရုံးတာဝန်ခံမှ အာမခံအကြောင်း သိကောင်းစရာစည်းရုံး ဟောပြောပွဲကို (၂၅-၈-၂၀၁၉) ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ သပြေကုန်းကျေးရွာ၊ ပြည်လုံးချမ်းသာဘုရားကြီးအတွင်း ကျင်းပပြုလုပ်ခဲ့ရာ မြန်အောင် မြို့နယ် (မ-စ-က)ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မော်တော်ယာဉ်/မော်​တော်ဆိုင်ကယ် ပိုင်ရှင်များ၊ ယာဉ်မောင်းလိုင်စင်သင်တန်း တက်ရောက်သူများ စုစုပေါင်းအင်အား (၂၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံးမှ အာမခံလုပ်ငန်း အသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၂၇-၈-၂၀၁၉) ရက်နေ့ နေ့လည် (၁:၀၀) နာရီအချိန်တွင် အမှတ်(၁)​ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်၊ အစည်းအဝေးခန်းမတွင် ဟောပြောပွဲကျင်းပခဲ့ရာ စုစု​ပေါင်း (၃၅၀) ဦးခန့် ​တက်ရောက်ခဲ့ပါသည်။

အဆိုပါဟော​ပြော​ပွဲတွင် ခရိုင်တာဝန်ခံမှ တပ်မတော်အရာရှိများ၊ အခြားအဆင့်စစ်သည်များနှင့် မိသားစုဝင်များအား တပ်မတော်အသက်အာမခံ၊ နိုင်ငံဝန်ထမ်းအသက်အာမခံ၊ (ကာလတို) အသက်အာမခံ၊ နှစ်တို​ငွေပင်​ငွေရင်း အသက်အာမခံလုပ်ငန်းများအကြောင်း ဟောပြော​ဆွေးနွေးခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ မွန်ပြည်နယ်ရုံးမှ ပြည်နယ်တာဝန်ခံသည် အသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၂-၈-၂၀၁၉) ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ကျိုက်မရောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ ဌာနဆိုင်ရာများနှင့်တွေ့​ဆုံ၍ ဟောပြောပွဲ ပြုလုပ်ကျင်းပခဲ့ရာ ၁၅၀ ဦးခန့် ​တက်ရောက်ခဲ့ပါသည်။

အဆိုပါဟော​ပြော​ပွဲတွင် အသက်အာမခံနှင့်် သူတစ်ပါးထိခိုက်မှုအာမခံအကြောင်း ဟောပြော​ဆွေးနွေးခဲ့ပါသည်။