မြန်မာ့အာမခံလုပ်ငန်း၊ ကျောက်ဆည်ခရိုင်ရုံးတာဝန်ခံမှ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၂၄-၁-၂၀၂၀) ရက်နေ့ မွန်းလွဲ (၁:၀၀) နာရီတွင် ကျောက်ဆည်ခရိုင်၊ ကူမဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပရာ အဆိုပါဌာနမှ ဆရာ/ဆရာမများ စုစုပေါင်း (၈၀) ဦး တက်ရောက်ခဲ့ပါသည်။
မြန်မာ့အာမခံလုပ်ငန်းသတင်းများ
မြန်မာ့အာမခံလုပ်ငန်း၊ တာချီလိတ်ခရိုင်ရုံးတာဝန်ခံမှ အာမခံအကြောင်းသိကောင်းစရာ ဟောပြောပွဲကို (၁၆-၁-၂၀၂၀) ရက်နေ့ နံနက် (၉:၃၀) နာရီတွင် တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်ကျင်းပရာ ဝန်ထမ်း စုစုပေါင်း (၆၀) ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ နိုင်ငံ့ဝန်ထမ်းအသက်အာမခံ(ကာလတို)လုပ်ငန်း၊ အလုံးစုံမော်တော်ယာဉ်အာမခံလုပ်ငန်း၊ မီးအာမခံလုပ်ငန်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ ပြီး တက်ရောက်လာသူများမှ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းခဲ့ပါသည်။
မြန်မာ့အာမခံလုပ်ငန်း၊ မူဆယ်ခရိုင်ရုံးတာဝန်ခံမှ အာမခံအကြောင်းသိကောင်းစရာ ဟောပြောပွဲ ကို (၁၅-၁-၂၀၂၀) ရက်နေ့ ညနေ (၄:၃၀) နာရီခန့်တွင် မူဆယ်မြို့၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ကျင်းပရာ ဝန်ထမ်း စုစုပေါင်း (၁၉) ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ နိုင်ငံ့ဝန်ထမ်းအသက်အာမခံ(ကာလတို) အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ ရှမ်းပြည်နယ်ရုံးတာဝန်ခံမှ အာမခံအကြောင်းသိကောင်းစရာ ဟောပြောပွဲကို (၂၁-၁၂-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ အမှတ်(၄)ရဲလေ့ကျင့်ရေးသင်တန်းကျောင်း၊ တောင်လေးလုံး တွင် ကျင်းပရာ သင်တန်းမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်းသားများ စုစုပေါင်း (၁၉၇) ဦး တက်ရောက်ခဲ့ပါသည်။
မြန်မာ့အာမခံလုပ်ငန်း၊ တာချီလိတ်ခရိုင်ရုံးတာဝန်ခံမှ အာမခံအကြောင်းသိကောင်းစရာ ဟောပြောပွဲကို (၃-၁-၂၀၂၀) ရက်နေ့ ညနေ (၀၃:၀၀) နာရီတွင် တာချီလိတ်မြို့၊ သစ်တောဦးစီးဌာနရုံးတွင် ကျင်းပရာ စုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ နိုင်ငံ့ဝန်ထမ်းအသက်အာမခံ(ကာလတို)လုပ်ငန်းသစ် အကြောင်းကို ပထမဦးစွာရှင်းလင်းပြောကြားခဲ့ပြီး အလုံးစုံမော်တော်ယာဉ်အာမခံလုပ်ငန်းနှင့် မီးအာမခံလုပ်ငန်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ထိခိုက်မှုဖြစ်ပွားပါက လျော်ကြေး တောင်းခံနိုင်ရန်အတွက် လိုအပ်သောအချက်အလက်များကို အကျယ်တဝင့်ရှင်းလင်း ခဲ့ပါသည်။
မြန်မာ့အာမခံလုပ်ငန်း၊ မြောင်းမြခရိုင်ရုံးတာဝန်ခံမှ အာမခံအကြောင်းသိကောင်းစရာ ဟောပြောပွဲကို (၂၉-၁၂-၂၀၁၉) ရက်နေ့ နေ့လည် (၁၂:၀၀) နာရီတွင် မြောင်းမြမြို့နယ်၊ အမှတ်(၁၂)အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပရာ မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ပါသည်။
မြန်မာ့အာမခံလုပ်ငန်းမှ ယခုရောင်းချမည့် Housing Insurance Package အာမခံအမျိုးအစားသည် အာမခံထားရှိသူ၏ သေဆုံးမှု၊ ထာဝစဉ်မသန်စွမ်းဖြစ်မှုနှင့် ချေးငွေရယူထားသည့် အဆောက်အဦ ပျက်စီးမှုတို့ကြောင့် အာမခံထားရှိသူ သို့မဟုတ် ကျန်ရစ်သူမိသားစုအပြင် ချေးငွေထုတ်ချေးသည့် အဖွဲ့အစည်းများအတွက်ပါ အကျိုးရှိစေမည့် အာမခံအမျိုးအစားတစ်ခု ဖြစ်ပါသည်။
မြန်မာ့အာမခံလုပ်ငန်း၊ မူဆယ်ခရိုင်ရုံးတာဝန်ခံမှ အာမခံအကြောင်းသိကောင်းစရာ ဟောပြောပွဲကို (၉-၁-၂၀၂၀) ရက်နေ့ ည (၇:၀၀) နာရီခန့်တွင် မူဆယ်မြို့၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာန၌ ကျင်းပရာ ဝန်ထမ်း(၉) ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ နိုင်ငံ့ဝန်ထမ်းအသက်အာမခံ(ကာလတို) အကြောင်းကို ရှင်းလင်းဟောပြောခဲ့ပါသည်။
မြန်မာ့အာမခံလုပ်ငန်း၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံး တာဝန်ခံမှ အာမခံအကြောင်းသိကောင်းစရာ ဟောပြောပွဲကို (၂၄-၁၂-၂၀၁၉) ရက်နေ့တွင် ဒလမြို့နယ်၊ YRTA ရုံးတွင် ကျင်းပရာ ဂိတ်ပိုင်ရှင်နှင့် ယာဉ်လိုင်းပိုင်ရှင်များ (၂၅) ဦးခန့် တက်ရောက်ခဲ့ ပါသည်။
အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ ခရီးသွားအာမခံ၊ အလုံးစုံမော်တော်ယာဉ်အာမခံ နှင့် နှစ်တိုငွေပင်ငွေရင်း အသက်အာမခံ အကြောင်းများကို ရှင်းလင်းဟောပြောခဲ့ပါသည်။
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း မိတ္ထီလာခရိုင်ရုံး အဆောက် အအုံသစ် ဖွင့်လှစ်ခြင်းအခမ်းအနားအား မိတ္ထီလာမြို့၊ ပေါက်ချောင်းရပ်ရှိ မိတ္ထီလာခရိုင်ရုံး၌ ၆-၁-၂၀၂၀ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
