Date:

အသိပေးကြေညာချက်

( ၂၁.၈.၂၀၂၀ ရက်၊ ရန်ကုန် )

Date:

     စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၏ အငယ်တန်းစာရေးရာထူး နှင့် ဒု-လက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးများအတွက် ရေးဖြေစာမေးပွဲဖြေဆိုခွင့်ရရှိသူများစာရင်းအား မြန်မာ့အာမခံလုပ်ငန်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို ၂၀-၈-၂၀၂၀ ရက်နေ့ နေ့လည် ၁း၀၀ နာရီမှ ညနေ ၄း၀၀ နာရီအတွင်း မြန်မာ့အာမခံလုပ်ငန်းရုံးချုပ်တွင် စတင်ထုတ်ယူနိုင်မည် ဖြစ်ပါသည်။ ၂၁-၈-၂၀၂၀ ရက်နေ့တွင် နံနက် ၁၀း၀၀ နာရီ မှ ညနေ ၄း၀၀ နာရီအတွင်း လာရောက်ထုတ်ယူနိုင်ပါသည်။ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းယူဆောင်၍ ဖြေဆိုမည့်သူကိုယ်

Date:

မြန်မာ့အာမခံလုပ်ငန်း၊ ရှမ်းပြည်နယ်ရုံးတာဝန်ခံမှ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၁၄-၆-၂၀၂၀) ရက် နေ့ နံနက်(၉:၀၀) နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ရွှေညောင်မြို့၊ တောင်လေးလုံး အမှတ်(၄) ရဲလေ့ကျင့်ရေးသင်တန်းကျောင်းတွင် ပြုလုပ်ရာ အရာထမ်း/သင်တန်းသားအင်အား(၂၀၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ပြည်နယ်တာဝန်ခံမှ နိုင်ငံဝန်ထမ်းအသက်အာမခံ(ကာလတို)၊ တောင်သူလယ်သမားအသက်အာမခံ၊ Covid-19 ပါကျန်းမာရေးအာမခံ၊ နှစ်တိုငွေပင်ငွေရင်း အာမခံ၊ သူတစ်ပါးထိခိုက်မှုအာမခံလုပ်ငန်း၊ မီးအာမခံလုပ်ငန်းနှင့် ခရီးသွားအာမခံလုပ်ငန်း များနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ မိတ္ထီလာခရိုင်ရုံးတာဝန်ခံမှ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲနှင့် တောင်သူလယ်သမားအသက်အာမခံရောင်းချခြင်းလုပ်ငန်းကို (၆-၆-၂၀၂၀) ရက် နေ့ နံနက်(၁၀:၀၀) နာရီတွင် မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့ မြို့နယ်မိုးလုံလေလုံအားကစား ခန်းမတွင်ပြုလုပ်ရာ ကျေးရွာအုပ်စုများမှ ပြည်သူများ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ ပါသည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ အာမခံအကြောင်း ရှင်းလင်းပြောကြားပြီး တောင်သူ လယ်သမားအသက်အာမခံအကြောင်း ရှင်းလင်းခဲ့ပါသည်။

Date:

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် ယာဉ်အမှတ် 4J-6906 တိမ်းမှောက်၍ ခရီးသည် (၁၀) ဦး သေဆုံးခြင်းအတွက် သူတစ်ပါးထိခိုက်မှုအာမခံ နစ်နာကြေးငွေများအား အကျိုးခံစားခွင့် ရှိသူများသို့ မွန်ပြည်နယ်ရုံ;ခွဲတွင် (၇-၅-၂၀၂၀) ရက်နေ့တွင် ပေးအပ်ခဲ့ပါသည်။

Date:

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ (၁၉.၃.၂၀၂၀)ရက်နေ့တွင် မော်တော်ဆိုင်ကယ်အမှတ် ၆၁ယ-၉၉၆၆၅ နှင့် ၃၈ယ-၁၉၅၃၅ တိုက်မိ၍ သေဆုံးသူ ဦးဆယ် (ခ) မောင်ဆယ် (ခ) ဦးဇင် နှင့် ဇနီး ဒေါ်ချိုဦး သေဆုံးခြင်းအတွက် သူတစ်ပါးထိခိုက်မှုအာမခံနစ် နာကြေးငွေ ကျပ်သိန်း ၂၀ အား အကျိုးခံစားခွင့်ရှိသူ ဒေါ်ပန်းဇင်ဦး(သမီး)အား မြန်မာ့အာမခံလုပ်ငန်း၊ မွန်ပြည်နယ်ရုံးခွဲတွင် (၁၁.၅. ၂၀၂၀ )ရက်နေ့တွင် လျော်ကြေးပေးအပ်ခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ စစ်ကိုင်းခရိုင်ရုံးတာဝန်ခံမှ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၁၃-၂-၂၀၂၀) ရက်နေ့ ညနေ(၃:၃၀) နာရီတွင် မြို့နယ်အခွန်ဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးမှူးရုံးခန်း၌ ကျင်းပခဲ့ရာ အရာထမ်း/ဝန်ထမ်း စုစုပေါင်း(၂၃)ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ မြန်မာ့အာမခံလုပ်ငန်းတွင် ဆောင်ရွက်လျက်ရှိသည့် အာမခံအမျိုးအစားများအကြောင်းအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ စစ်ကိုင်းခရိုင်ရုံးတာဝန်ခံမှ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၅-၂-၂၀၂၀) ရက်နေ့ နံနက်(၁၀:၀၀) နာရီတွင် ခရိုင်ရေအရင်းအမြစ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အရာထမ်း/ဝန်ထမ်း စုစုပေါင်း(၃၂)ဦး တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ မြန်မာ့အာမခံလုပ်ငန်းတွင် ဆောင်ရွက်လျက်ရှိသည့် အာမခံအမျိုးအစားများအကြောင်းအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။