Date:

မြန်မာ့အာမခံလုပ်ငန်း၊ တာချီလိတ်ခရိုင်ရုံး တာဝန်ခံမှ အာမခံအကြောင်းသိကောင်းစရာ ဟောပြောပွဲကို (၂၉-၁၁-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် တာချီလိတ်မြို့၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ကျင်းပရာ လူဦးရေ စုစုပေါင်း (၁၀၄) ဦး တက်ရောက်ခဲ့ ပါသည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ သူတစ်ပါးထိခိုက်မှုအာမခံ၊ အလုံးစုံ မော်တော်ယာဉ်အာမခံ၊ မီးအာမခံ၊ အထူးခရီးသွားအာမခံ အကြောင်းများကို ရှင်းလင်းဟောပြောခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ လားရှိုးခရိုင်ရုံး ဒုတိယတာဝန်ခံမှ အာမခံအကြောင်းသိကောင်းစရာ ဟောပြောပွဲကို (၂၇-၁၁-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် လားရှိုးမြို့၊ (OK) ယာဉ်မောင်းသင်တန်းကျောင်း၌ ကျင်းပရာ လူဦးရေ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ ပါသည်။

အဆိုပါဟောပြောပွဲတွင် ဒုတိယတာဝန်ခံမှ သူတစ်ပါးထိခိုက်မှုအာမခံ၊ အလုံးစုံ မော်တော်ယာဉ်အာမခံ၊ နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ၊ ခရီးသွားအာမခံ၊ ကျန်းမာရေးအာမခံ အကြောင်းများကို ရှင်းလင်းဟောပြောခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ တနင်္သာရီတိုင်းဒေသကြီးရုံးတာဝန်ခံမှ အာမခံအကြောင်းသိကောင်းစရာ ဟောပြောပွဲကို (၂၇-၁၁-၂၀၁၉) ရက်နေ့ နံနက် (၉:၀၀) နာရီတွင် ထားဝယ်မြို့၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့်မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ စခန်းမှူးများနှင့်ဇနီးများ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ သံတွဲခရိုင်ရုံးတာဝန်ခံမှ အာမခံအကြောင်းသိကောင်းစရာ ဟောပြောပွဲကို (၂၀-၁၁-၂၀၁၉) ရက်နေ့ မွန်းလွဲ (၃:၀၀) နာရီတွင် သံတွဲခရိုင်၊ ငပလီမြို့၊ ကျော့ပိုက်လုပ်ငန်းရှင် များအသင်း ရုံးခန်းမတွင်ကျင်းပရာ ရေလုပ်ငန်းရှင်များနှင့် ယာဉ်ပိုင်ရှင်များ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ သူတပါးထိခိုက်မှုအာမခံလုပ်ငန်း၊ အလုံးစုံ မော်တော်ယာဉ်အာမခံ၊ ရေယာဉ်လုပ်ငန်းရှင်တာဝန်ရှိမှုအာမခံ၊ ရေယာဉ်ကိုယ်ထည်အာမခံ၊ ရေကြောင်းကုန်ပစ္စည်းအာမခံ အကြောင်းများကို ရှင်းလင်းဟောပြောခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ မြောင်းမြခရိုင်ရုံးတာဝန်ခံမှ အာမခံအကြောင်းသိကောင်းစရာ ဟောပြောပွဲကို (၂၉-၁၁-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် မြောင်းမြမြို့နယ်၊ အမှတ်(၁၂)အခြေခံပညာမူလတန်းကျောင်းတွင်ကျင်းပရာ မြို့နယ်ပညာရေးမှူးရုံးမှ ဒု-မြို့နယ် ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ ဝန်ထမ်းများ စုစုပေါင်း (၂၆၇) ဦး တက်ရောက်ခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ ရှမ်းပြည်နယ်ရုံးတာဝန်ခံမှ အာမခံအကြောင်းသိကောင်းစရာ ဟောပြောပွဲကို (၂၄-၁၁-၂၀၁၉) ရက်နေ့ မွန်းလွဲ (၁:၀၀) နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ အမှတ်(၄)ရဲလေ့ကျင့်ရေးသင်တန်းကျောင်း၊ တောင်လေးလုံး တွင် ကျင်းပရာ သင်တန်းမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်းသားများ စုစုပေါင်း (၁၉၉) ဦး တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ပြည်နယ်တာဝန်ခံက ပြည်သူ့ဝန်ထမ်းအသက်အာမခံ(ကာလရှည်)၊ နိုင်ငံဝန်ထမ်း အသက်အာမခံ(ကာလတို)၊ သူတစ်ပါးထိခိုက်မှုအာမခံ နှင့် ခရီးသွားအာမခံ လုပ်ငန်း အကြောင်းများအား ရှင်းလင်း ​ဟော​ပြောခဲ့ပါသည် ။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ ကယားပြည်နယ်ရုံးတာဝန်ခံမှ အာမခံအကြောင်းသိကောင်းစရာ ဟောပြောပွဲကို (၃၀-၁၀-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပရာ အရာထမ်းများနှင့် ဝန်ထမ်းများ စုစုပေါင်း (၄၅) ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ပြည်နယ်တာဝန်ခံမှ လက်ခံဆောင်ရွက်လျက်ရှိသော အာမခံ အမျိုးအစားများ နှင့် အသက်အာမခံကာလတို/ကာလရှည်၊ ကျန်းမာရေးအာမခံအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး မေးမြန်းချက်များကိုလည်း ရှင်းလင်း ဖြေကြား​ခဲ့ပါသည် ။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ ကယားပြည်နယ်ရုံးတာဝန်ခံမှ အာမခံအကြောင်းသိကောင်းစရာ ဟောပြောပွဲကို (၂၅-၁၀-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အရာထမ်းများနှင့် ဝန်ထမ်းများ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ပြည်နယ်တာဝန်ခံမှ မြန်မာ့အာမခံလုပ်ငန်းတွင် လက်ခံ ဆောင်ရွက်လျက်ရှိသော အာမခံအမျိုးအစားများ နှင့် အသက်အာမခံကာလတို/ကာလရှည်၊ ကျန်းမာရေးအာမခံအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး မေးမြန်းချက်များကိုလည်း ရှင်းလင်း ဖြေကြား​ ခဲ့ပါသည် ။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ ပြည်နယ်/တိုင်းဒေသကြီးနှင့် ခရိုင်ရုံးများ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်ခဲ့မှုများ သုံးသပ်ခြင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို (၆-၁၁-၂၀၁၉ မှ ၇-၁၁-၂၀၁၉) ရက်နေ့အထိ ကျင်းပခဲ့ရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒေါက်တာစန္ဒာဦးနှင့် ဌာနအကြီးအကဲများ၊ ပြည်နယ်/ တိုင်းဒေသကြီးနှင့် ခရိုင်ရုံးခွဲ တာဝန်ခံများ၊ ရုံးချုပ်မှ အရာထမ်းများ တက်ရောက်ခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ တနင်္သာရီတိုင်းဒေသကြီးရုံးတာဝန်ခံမှ အာမခံအကြောင်းသိကောင်းစရာ ဟောပြောပွဲကို (၂၈-၉-၂၀၁၉) ရက်နေ့ နံနက် (၉:၀၀) နာရီတွင် လောင်းလုံးမြို့နယ်၊ အားကစားခန်းမ၌ ကျင်းပရာ ပြည်သူလူထုစုစုပေါင်း (၅၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် တိုင်းဒေသကြီးတာဝန်ခံမှ မြန်မာ့အာမခံလုပ်ငန်းတွင် လက်ခံ ဆောင်ရွက်လျက်ရှိသော အာမခံအမျိုးအစားများကို ရှင်းလင်းပြောကြားခဲ့ပြီး သူတစ်ပါးထိခိုက်မှု အာမခံ နှင့် အလုံးစုံမော်တော်ယာဉ်ထိခိုက်မှုအာမခံလုပ်ငန်း အကြောင်းများအား အကျယ်တဝင့် ရှင်းလင်း ​ဟော​ပြောခဲ့ပါသည် ။