Date:

မြန်မာ့အာမခံလုပ်ငန်း၊ ဟင်္သာတခရိုင်ရုံး၏ အာမခံလုပ်ငန်းအကြောင်းအသိပညာပေး ဟောပြောဆွေးနွေးပွဲကို (၂-၃-၂၀၁၉) ရက်နေ့ နံနက် (၈:၄၅) နာရီတွင် ဟင်္သာတခရိုင် တလုတ္ထော်မြို့နယ်၊ သဲကြီးကုန်းကျေးရွာတွင် လူမှုကူညီရေးအသင်းနှစ်ပတ်လည်အခမ်းအနား နှင့်တွဲဖက်၍ ကျင်းပပြုလုပ်ခဲ့ရာ ရွှေမဉ္ဇူလူမှုကူညီရေးအသင်း နာယက ဦးမြကွန့်က အဖွင့်အမှာစကားပြောကြားရာ ရပ်မိရပ်ဖများနှင့် ကျေးရွာသူ ကျေးရွာသားများ စုစုပေါင်း (၇၀)ဦးခန့် တက်ရောက်ကြပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ ရှမ်းပြည်နယ်ရုံး တောင်ကြီး၏ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေးဟောပြောပွဲကို (၂၈-၂-၂၀၁၉)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ပြည်နယ်တာဝန်ခံက ပြည်သူ့ဝန်ထမ်းအသက်အာမခံ၊ နိုင်ငံ့ဝန်ထမ်းအသက်အာမခံ(ကာလတို)၊ တောင်သူလယ်သမားအသက်အာမခံလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ ရွှေဘိုခရိုင်ရုံးနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်းပြီး ရာသီဥတုအညွှန်းကိန်းအခြေပြုသီးနှံအာမခံလုပ်ငန်းအတွက် ရှင်းလင်းဆွေးနွေးပွဲအခမ်းအနား ကို  (၄-၂-၂၀၁၉) ရက်နေ့ နေ့လည် (၁:၀၀) နာရီတွင် ရွှေနိုင်ငံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြန်မာ့အာမခံ လုပ်ငန်း ရွှေဘိုခရိုင်ရုံးမှဝန်ထမ်းများ၊ တောင်သူလယ်သမားများနှင့် မိသားစုများ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ ဧရာဝတီတိုင်းဒေသကြီးရုံး၏ အာမခံအကြောင်းသိကောင်းစရာ ဟောပြောပွဲအား (၂၇-၂-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပုသိမ်မြို့၊ နည်းပညာတက္ကသိုလ်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ကြီး၊ ကျောင်းဆရာ/ဆရာမများ နှင့် ကျောင်းသား/သူများ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ ကြပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ ပဲခူးတိုင်းဒေသကြီးရုံး၏ အာမခံလုပ်ငန်းအကြောင်း သိကောင်းစရာ ဟောပြောပွဲကို (၂၃-၂-၂၀၁၉) ရက်နေ့ နံနက် (၉:၃၀) နာရီတွင် ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်းပရာ ပဲခူးတိုင်း ဒေသကြီး ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အမှုထမ်း၊ အရာထမ်းများ၊ မြို့မိမြို့ဖများနှင့် စိတ်ပါဝင်စားသူ (၁၅၀)ဦးခန့်တက်ရောက်ကြပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ တာချီလိတ်ခရိုင်ရုံး၏ အာမခံအကြောင်းသိကောင်းစရာ ဆွေးနွေး ဟောပြောပွဲအစီအစဉ်ကို (၂၂-၂-၂၀၁၉) ရက်နေ့ ညနေ (၃:၀၀)နာရီအချိန်တွင် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်းရှိ ခရိုင်ပြန်/ဆက်ရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး နှင့် ဟိုတယ်လုပ်ငန်းရှင် (၄၀)ဦးတို့အား ဖိတ်ကြားခဲ့ရာ စုစုပေါင်း (၄၅)ဦး တက်ရောက်ခဲ့ကြ ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ တာချီလိတ်ခရိုင်ရုံး၏ အာမခံအကြောင်းသိကောင်းစရာ ဆွေးနွေး ဟောပြောပွဲအစီအစဉ်ကို (၂၀-၂-၂၀၁၉) ရက်နေ့ နေ့လည် (၁:၀၀)နာရီအချိန်တွင် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်းရှိ ခရိုင်ပြန်/ဆက်ရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ရာ ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး၊ လုပ်ငန်းလိုင်စင်နှင့်သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီလုပ်ငန်းရှင် (၁၉)ဦးတို့အားဖိတ်ကြားခဲ့ရာ စုစုပေါင်း (၂၁)ဦး တက်ရောက်ခဲ့ကြပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ စစ်ကိုင်းခရိုင်ရုံး၏ အာမခံလုပ်ငန်းအကြောင်း သိရှိစေရန်ဟောပြောပွဲကို (၁၅-၂-၂၀၁၉) ရက်နေ့ နံနက် (၉:၀၀) နာရီတွင် စစ်ကိုင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဥက္ကဌရုံးခန်း၌ ကျင်းပရာ မြို့နယ်အဆင့်ဌာနဆိုင်ရာ အရာထမ်း (၃၇)ဦး တက်ရောက်ခဲ့ပြီး လက်ရှိစစ်ကိုင်းခရိုင်ရုံးတွင် ဆောင်ရွက်လျက်ရှိသည့် အာမခံလုပ်ငန်းသစ်များ၏ လက်ခံ ဆောင်ရွက်ပေးခြင်း၊ လျော်ကြေးပေးရခြင်းအကြောင်းများကို အသေးစိတ်ရှင်းလင်း  ပြောကြား ခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ မူဆယ်ခရိုင်ရုံး၏ အာမခံလုပ်ငန်းအကြောင်း အသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၁၄-၂-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် နမ့်ခမ်းမြို့၊ အ.ထ.က(၁) ကျောင်းခန်းမ၌ကျင်းပရာ တက်ရောက်သူဦးရေ (၇၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံလက်ထောက်မန်နေဂျာမှ သူတစ်ပါးထိခိုက်မှုအာမခံ၊ နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ၊ မီးနှင့်အမျိုးမျိုးအာမခံလုပ်ငန်း၊ ခရီးသွားအာမခံနှင့် ကုန်းလမ်းကုန်ပစ္စည်းအာမခံအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ တနင်္သာရီတိုင်းဒေသကြီးရုံးမှ အာမခံလုပ်ငန်းအကြောင်း အသိပညာ ပြန့်ပွားရေးဟောပြောပွဲအား (၁၁-၂-၂၀၁၉) ရက်နေ့ နေ့လည် (၃:၀၀) နာရီတွင် ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမ စုစုပေါင်း (၈၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် တိုင်းဒေသကြီးတာဝန်ခံမှ မြန်မာ့အာမခံလုပ်ငန်းမှ ဆောင်ရွက်လျက် ရှိသည့် အာမခံအမျိုးအစားများကို ရှင်းလင်းပြောကြားခဲ့ပြီး အထူးကိစ္စရပ်အနေဖြင့်  နိုင်ငံဝန်ထမ်းအသက်အာမခံ(ကာလတို)၊ သူတစ်ပါးထိခိုက်မှုအာမခံနှင့် မီးအာမခံလုပ်ငန်း အကြောင်း အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့ပါသည်။