Date:

မြန်မာ့အာမခံလုပ်ငန်း၊ ကျောက်ဆည်ခရိုင်ရုံးမှ တာဝန်ခံသည် အာမခံလုပ်ငန်းအသိပညာ ပြန့်ပွားရေး ဟောပြောပွဲကို (၂၃-၄-၂၀၁၉) ရက်နေ့ မွန်းလွဲ (၂:၃၀)နာရီတွင် ကျောက်ဆည်မြို့ရှိ ဇီဝနည်းပညာနှင့်သုတေသနဌာန၊ Seminar ခန်းမတွင် ကျင်းပရာ အဆိုပါဌာနမှ ဆရာ/ဆရာမများ စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ ကလေးခရိုင်ရုံးမှ တာဝန်ခံနှင့်အဖွဲ့သည် အာမခံလုပ်ငန်းအသိပညာ ပြန့်ပွားရေး ဟောပြောပွဲကို (၆-၄-၂၀၁၉) ရက်နေ့ ညနေ (၆:၀၀)နာရီ အချိန် ကလေးမြို့၊ အကျဉ်းဦးစီးဌာနတွင် ကျင်းပရာ ဝန်ထမ်းအင်အား (၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ မြန်မာ့အာမခံလုပ်ငန်းမှ လက်ခံဆောင်ရွက်နေသော အာမခံအမျိုးအစားများဖြစ်သည့် သူတစ်ပါးထိခိုက်မှုအာမခံ၊ မီးနှင့်အင်ဂျင်နီယာအာမခံ၊ ခရီးသွားအာမခံ၊ ဝန်ထမ်းအသက်အာမခံ(ကာလတို)နှင့် ကျန်းမာရေးအာမခံ အမျိုးအစား များကို ဦးစားပေးရှင်းလင်းခဲ့ပါသည်။ ဝန်ထမ်းများမှ မေးမြန်းချက်များကို ခရိုင်တာဝန်ခံမှ  ပြန်လည်ရှင်းလင်းခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ ပခုက္ကူခရိုင်ရုံးမှ တာဝန်ခံသည် အာမခံလုပ်ငန်း အသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၃-၄-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ကမ္မမြို့နယ်၊ ဖောင်းကွဲ​ကျေးရွာ၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ အ​ကြီးအကဲများအား အာမခံနှင့်ပတ်သက်သည်များကို ရှင်းလင်းဟောပြော ဆောင်ရွက်ခဲ့ ပါသည်။

အဆိုပါဟောပြောပွဲတွင် တက်ရောက်သူအင်အား (၁၅၀)ခန့်ရှိပြီး အာမခံနှင့်ပတ်သက်သည့် ဗဟုသုတများကို ဟောပြောခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ မွန်ပြည်နယ်ရုံးမှ ဒုတိယတာဝန်ခံသည် အာမခံလုပ်ငန်း အသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၄-၄-၂၀၁၉) ရက်နေ့ ညနေ (၃:၀၀)နာရီ အချိန်တွင် အားကစားနှင့် ကာယပညာသိပ္ပံ(မော်လမြိုင်)ဌာနရှိ ဝန်ထမ်းများကို အာမခံနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားသို့ ဝန်ထမ်းအင်အား(၃၀)ဦး တက်ရောက်ခဲ့ပြီး အာမခံနှင့်ပတ်သက်၍ သိလိုသည်များ အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ သံတွဲခရိုင်ရုံးမှ အာမခံလုပ်ငန်း အသိပညာပြန့်ပွားတိုးတက်ရေး ဟောပြောပွဲအား (၂၉-၃-၂၀၁၉) ရက်နေ့ နေ့လည် (၁၂:၀၀)နာရီတွင် သံတွဲခရိုင်၊ ခရိုင် ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံခန်းမ၌ ကျင်းပခဲ့ရာ ကျန်းမာရေးဝန်ထမ်းအင်အား (၉၈)ဦး တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် သံတွဲခရိုင်တာဝန်ခံမှ နိုင်ငံဝန်ထမ်းအသက်အာမခံ၊ ငွေပင်ငွေရင်း အသက်အာမခံ၊ ကျန်းမာရေးအာမခံ၊ ခရီးသွားအာမခံ အ​ကြောင်းများကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ မေးမြန်းချက်များအား ပြန်လည်ရှင်းလင်း​​ ဆွေးနွေးခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ ပခုက္ကူခရိုင်ရုံး မှ ခရိုင်တာဝန်ခံသည် အာမခံလုပ်ငန်းအသိပညာ ပြန့်ပွားရေး ဟောပြောပွဲကို (၂၆-၃-၂၀၁၉) ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ကျင်းပခဲ့ရာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့်် အမျိုးသမီးအိမ်တွင်းမှု အသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ  ဝန်ထမ်းအင်အား စုစုပေါင်း (၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး အာမခံနှင့်ပတ်သက်သော ဗဟုသုတများ​ဟောပြောခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာရုံးခွဲမှ ဒုတိယတာဝန်ခံနှင့် ဝန်ထမ်း(၂)ဦး တို့သည် အာမခံလုပ်ငန်း အသိပညာပေးဟောပြောပွဲကို (၂၃-၃-၂၀၁၉) ရက်နေ့ နံနက် (၉:၀၀)နာရီတွင် ယင်းမာပင်ခရိုင်၊ ကနီမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ တက်ရောက်သူဦးရေ (၁၀၀)ကျော်ခန့် တက်ရောက်ခဲ့ကြပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ မူဆယ်ခရိုင်ရုံးမှ ခရိုင်တာဝန်ခံသည် အာမခံလုပ်ငန်း အသိပညာပြန့်ပွား ဟောပြောပွဲကို (၂၂-၃-၂၀၁၉) ရက်နေ့ နံနက် (၁၁:၀၀)နာရီ အချိန်တွင် တာမိုးညဲမြို့၊ မြို့နယ်အ​ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့ရာ လူဦးရေ (၇၀)ဦးခန့် တက်ရောက်ခဲ့ ကြပါသည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ သူတပါးထိခိုက်မှုအာမခံ၊ နှစ်တိုငွေပင်ငွေရင်းအသက် အာမခံ၊ မီးနှင့်အမျိုးမျိုးအာမခံ၊ ခရီးသွားအာမခံနှင့် ကုန်းလမ်းကုန်ပစ္စည်းအာမခံအကြောင်း တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး မေးမြန်းသည်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ မြိတ်ခရိုင်ရုံးမှ အာမခံလုပ်ငန်းအကြောင်း သိကောင်းစရာများ ရှင်းလင်း ဆွေးနွေးဟောပြောပွဲကို ကျွန်းစုမြို့နယ်၊ အ​ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျွန်းရတနာခန်းမ တွင် (၂၉-၃-၂၀၁၉) ရက်နေ့ နံနက် (၁၁:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာ အရာထမ်း၊ ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ အပါအဝင် (၅၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်းမှ သင်္ဘောသားအသက်အာမခံလုပ်ငန်းအား (၁-၇-၂၀၀၃) ရက်နေ့ နှင့် မြန်မာနိုင်ငံသား(တရားဝင်) ပြည်ပအလုပ်သမားအသက်အာမခံကို (၁၆-၆-၂၀၁၈)  ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပါသည်။