Date:

မြန်မာ့အာမခံလုပ်ငန်း၊ တနင်္သာရီတိုင်းဒေသကြီးရုံးမှ အာမခံလုပ်ငန်း အသိပညာပြန့်ပွား တိုးတက်ရေးဟောပြောပွဲအား (၂၃-၃-၂၀၁၉) ရက်နေ့ နံနက် (၉:၀၀)နာရီတွင် ရေဖြူမြို့၊ အ​ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု  စုစုပေါင်း (၆၀၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ တာချီလိတ်ခရိုင်ရုံးမှ (၂၈-၃-၂၀၁၉) ရက်နေ့ နေ့လည် (၁:၀၀)နာရီတွင် တာချီလိတ်မြို့၊ ပါလျှံရပ်ကွက်၊ ရဲဝန်ထမ်းမိသားစုဓမ္မာရုံတွင် ကုန်းလမ်းပို့​ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်းပြီး  အာမခံအ​ကြောင်းသိကောင်းစရာ များဆွေး​နွေးဟောပြောပွဲ အစီအစဉ်အားဆောင်ရွက်ခဲ့ပါသည်။ ဟောပြောပွဲတွင် တာချီလိတ်မြို့နေပြည်သူ  စုစုပေါင်း (၂၅၀)ဦး တက်ရောက်ခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ မွန်ပြည်နယ်ရုံး၏ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၁၄-၃-၂၀၁၉) ရက်နေ့ ညနေ (၄:၀၀)နာရီအချိန်တွင် ပြန်ကြား​ရေးဝန်ကြီးဌာန၊ သတင်းနှင့််စာနယ်ဇင်းလုပ်ငန်း၊ ကိုယ်ပွားသတင်းစာတိုက်(မော်လမြိုင်)တွင် အဆိုပါဌာနရှိ ဝန်ထမ်းများကို ရှင်းလင်းဟောပြောခဲ့ရာ  တက်​ရောက်အင်အား စုစုပေါင်း (၃၀)ဦးခန့် တက်ရောက်ကြပါသည်။

အဆိုပါဟောပြောပွဲတွင် မွန်ပြည်နယ်ရုံး၏ ဒုတိယတာဝန်ခံမှ အာမခံနှင့်ပတ်သက်သည်များကို ရှင်းလင်းဟောပြောခဲ့ပြီးတက်ရောက်လာသူများမှ သိလိုသည်များကို အပြန်အလှန်မေးမြန်း​ဆွေးနွေးခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ မန္တလေးတိုင်းဒေသကြီးရုံး မှ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၁၈-၃-၂၀၁၉) ရက်နေ့ နံနက် ၉:၀၀ နာရီတွင် ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ရှိ အမှတ် (၂၄) ကာကွယ်​ရေးပစ္စည်းစက်ရုံ အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ အမှတ်(၂၄) ကာကွယ်​ရေးပစ္စည်းစက်ရုံမှ လက်ထောက်စက်ရုံမှူး ဗိုလ်မှူးထက်နေအောင်၊ တပ်​ရေးဗိုလ်ကြီး- ဗိုလ်ကြီးစောရန်နောင်နှင့် အရာထမ်း/အမှုထမ်း စုစုပေါင်း (၈၅)ဦး တက်ရောက်ခဲ့ပြီး နိုင်ငံဝန်ထမ်း အသက်အာမခံ(ကာလတို)နှင့် ကျန်းမာရေးအာမခံထားရှိရန်အတွက် စည်းရုံး လက်ခံ ဆောင်ရွက်ခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ ရှမ်းပြည်နယ်ရုံး၏ အာမခံလုပ်ငန်းအကြောင်း အသိပညာပေးပြန့်ပွား ရေးဟောပြောပွဲကို (၁၆-၃-၂၀၁၉) ရက်နေ့ နံနက် (၉:၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ အမှတ် (၄) ရဲလေ့ကျင့်ရေးသင်တန်းကျောင်း၊ တောင်လေးလုံး၌ ကျင်းပခဲ့ရာ သင်တန်းမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်းသားများ၊ စုစုပေါင်း (၃၂၀) ဦးတက်ရောက်ခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ မန္တလေးတိုင်းဒေသကြီးရုံး၏ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၁၅-၃-၂၀၁၉) ရက်နေ့ နံနက် ၁၁:၃၀ နာရီတွင် မန္တလေးမြို့ရှိ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ ဆေးဘက်ဆိုင်ရာနည်းပညာ တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊  လက်ထောက်မော်ကွန်းထိန်းများ၊ ဆရာ/ဆရာမများနှင့် အရာထမ်း/ဝန်ထမ်းများ စုစုပေါင်း (၁၂၀) ဦးတက်ရောက်ခဲ့ပြီး နိုင်ငံ့ဝန်ထမ်းအသက်အာမခံ (ကာလတို) နှင့် ကျန်းမာရေးအာမခံ ထားရှိရန်အတွက် စည်းရုံးလက်ခံဆောင်ရွက်ခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် အာမခံအမျိုးအစားပေါင်း (၄၀) မျိုးအား ဆောင်ရွက်ပေးလျက် ရှိပါသည်။ ​နေ့စဉ် အာမခံထားရှိမှုများအား လက်ခံဆောင်ရွက်ပေးခြင်းနှင့်် နစ်နာကြေး/ လျော်ကြေး ပေး​ချေခြင်းများကိုလည်း ပြုလုပ်ပေးလျက်ရှိပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ မန္တလေးတိုင်းဒေသကြီးရုံး၏ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၁၃-၃-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် မန္တလေးမြို့၊ ရတနာပုံစျေး ဒုတိယထပ်ရှိ ရတနာမော်လ် အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ ရတနာမော်လ်မှ အထွေထွေမန်နေဂျာ ဦးကိုကိုမောင်၊ လက်ထောက်အထွေထွေမန်နေဂျာ ဦးရန်နောင်စိုးနှင့် အရာထမ်း/ဝန်ထမ်းများ စုစုပေါင်း (၄၀)ဦး တက်ရောက်ခဲ့ ကြပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ မိတ္ထီလာခရိုင်ရုံး၏ အာမခံအကြောင်း သိကောင်းစရာဟောပြောပွဲအား  (၈-၃-၂၀၁၉)ရက်နေ့ နေ့လည်(၂:၀၀)နာရီတွင် မိတ္ထီလာမြို့၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေး သင်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ဌာနမှူးများ၊ အရာထမ်း၊ ဝန်ထမ်းများနှင့် ဆရာ၊ ဆရာမ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံက အာမခံ၏အဓိပ္ပာယ်ဖွင့်ဆိုချက်အား ရှင်းလင်း၍ အာမခံအကြောင်းသိကောင်းစရာများနှင့် သူတစ်ပါးထိခိုက်မှုအာမခံ၊ မီးအာမခံအကြောင်းအား အသေးစိတ်ရှင်းလင်းခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ မွန်ပြည်နယ်ရုံးမှ အာမခံလုပ်ငန်းအကြောင်း သိကောင်းစရာဟောပြော ပွဲကို (၈-၃-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် မော်လမြိုင်တက္ကသိုလ်ခန်းမ၌ ကျင်းပရာ အဆိုပါတက္ကသိုလ်ရှိ ဆရာ/ဆရာမများအင်အား (၃၀)ဦးခန့်တက်ရောက်ခဲ့ကြပါသည်။

အဆိုပါဟောပြောပွဲတွင် မွန်ပြည်နယ်ရုံးတာဝန်ခံမန်နေဂျာမှ အာမခံလုပ်ငန်းနှင့်ပက်သက်၍ ရှင်းလင်းဟောပြောခဲ့ပြီး သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။