Date:

မြန်မာ့အာမခံလုပ်ငန်း၊ ဟင်္သာတခရိုင်ရုံးမှ တာဝန်ခံသည် အာမခံလုပ်ငန်းအသိပညာ ပြန့်ပွား​ရေး ဟောပြောပွဲကို (၁၆-၆-၂၀၁၉) ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့၊ အကျဉ်းဦးစီးဌာန  အစည်းအ​ဝေးခန်းမတွင်ကျင်းပခဲ့ရာ ဝန်ထမ်းအင်အား (၂၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် နိုင်ငံဝန်ထမ်းအသက်အာမခံ(ကာလတို)၊ အလုံးစုံမော်တော်ယာဉ် အာမခံ၊ သူတစ်ပါးထိခိုက်မှုအာမခံ၊ မီးနှင့််အမျိုးမျိုးအာမခံ၊ ရေကြောင်းကုန်ပစ္စည်းအာမခံ၊ ခရီးသွားအာမခံလုပ်ငန်းများအကြောင်း နှင့် အာမခံထားခြင်းဖြင့် ရရှိနိုင်မည့် အကာအကွယ်များ အကြောင်းကို ဆွေးနွေးဟောပြောခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ မြဝတီခရိုင်ရုံးမှ ဒုတိယတာဝန်ခံသည် အာမခံလုပ်ငန်းအသိပညာ ပြန့်ပွား​ရေးဟောပြောပွဲကို (၁၅-၆-၂၀၁၉) ရက်နေ့ နံနက် (၉:၃၀)နာရီအချိန်တွင် မြဝတီခရိုင်၊ စုကလိမြို့တွင် ဟောပြောရာ (၁၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် တောင်သူလယ်သမားအသက်အာမခံ၊ မြွေအန္တရာယ်အသက်အာမခံနှင့် သူတစ်ပါးထိခိုက်မှုအာမခံ ထားရှိခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ရှင်းလင်းဟော​ပြောခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ ချင်းပြည်နယ်ရုံးမှ ဒုတိယတာဝန်ခံသည် အာမခံလုပ်ငန်းအသိပညာ ပြန့်ပွား​ရေးဟောပြောပွဲကို (၅-၆-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဟားခါးမြို့နယ်၊ သမဝါယမဦးစီးဌာနရုံးတွင် ပြုလုပ်သည့် ဂျီအီးစီဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ အစည်းအ​ဝေးတွင် ပြုလုပ်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် နိုင်ငံဝန်ထမ်းအသက်အာမခံ(ကာလတို)၊ ကျန်းမာရေးအာမခံ၊ သူတစ်ပါးထိခိုက်မှုအာမခံ၊ အလုံးစုံထိခိုက်မှုအာမခံ၊ မီးအာမခံ နှင့်် ခရီးသွားအာမခံ  ထားရှိခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ဟောပြောရာ ဝန်ထမ်း (၆၂) ဦး တက်ရောက်ခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ ဧရာဝတီတိုင်းဒေသကြီးရုံး တာဝန်ခံမှ အာမခံလုပ်ငန်းအကြောင်း သိကောင်းစရာဟောပြောပွဲကို (၃၁-၅-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပုသိမ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်းပရာ ဟောပြောပွဲသို့ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများနှင့် ပုသိမ်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ စက်မှုဇုန်မှ လုပ်ငန်းပိုင်ရှင်များ စုစုပေါင်း (၁၄၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ ကရင်ပြည်နယ်ရုံး၊ တာဝန်ခံမှ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၂၃-၅-၂၀၁၉) ရက်နေ့ နံနက် (၉:၃၀)နာရီအချိန်တွင် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ရှင်းလင်းဟောပြောပွဲသို့ (၂၀၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ အာမခံလုပ်ငန်းကြီး (၅) မျိုးနှင့် ဝန်ထမ်းအသက် အာမခံ (ကာလတို/ကာလရှည်)၊ ကျန်းမာရေးအာမခံ၊ တောင်သူလယ်သမားအသက်အာမခံ၊ မြွေအန္တရာယ်အာမခံ၊ အလုံးစုံမော်တော်ယာဉ်အာမခံ၊ ပြည်ပလုပ်သားအသက်အာမခံ၊ မီးအာမခံနှင့် ခရီးသွားအာမခံလုပ်ငန်းအကြောင်း  ရှင်းလင်းပြောကြားခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ ကရင်ပြည်နယ်ရုံး၊ တာဝန်ခံမှ အာမခံလုပ်ငန်းအသိပညာ ပြန့်ပွားရေး ဟောပြောပွဲကို (၂၀-၄-၂၀၁၉) ရက်နေ့ နံနက် (၉:၃၀)နာရီအချိန်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျုံးဒိုးချောင်းဖျားရွာတွင် ကျင်းပရာ ရှင်းလင်းဟောပြောပွဲသို့  (၈၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ တောင်သူလယ်သမားအာမခံ၊ သူတစ်ပါးထိခိုက်မှု အာမခံနှင့် ခရီးသွားအာမခံလုပ်ငန်း​အကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ပြီး မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ ရခိုင်ပြည်နယ်ရုံး၊ တာဝန်ခံမှ အာမခံလုပ်ငန်းအသိပညာ ပြန့်ပွားရေး ဟောပြောပွဲကို (၂၁-၅-၂၀၁၉) ရက်နေ့ နေ့လည် (၂:၀၀)နာရီအချိန်တွင် စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ စစ်တွေရုံး၌ ကျင်းပရာ ယာဉ်ပိုင်ရှင်များ၊ ယာဉ်မောင်းလိုင်စင်ပြုလုပ်ကြသူများ၊ ​ကျေးရွာ​တောင်သူလယ်သမားများ (၁၀၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ အလုံးစုံအာမခံ၊ ရေကြောင်းအာမခံ၊ တောင်သူ လယ်သမားအာမခံလုပ်ငန်း​အကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ပြီး မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံး၊ တာဝန်ခံမှ အာမခံလုပ်ငန်းအသိပညာ ပြန့်ပွားရေး ဟောပြောပွဲကို (၂၆-၃-၂၀၁၉) ရက်နေ့ နေ့လည် (၁:၀၀)နာရီအချိန်တွင် ခရိုင်ပြည်သူ့ဆေးရုံကြီး(သန်လျင်မြို့)ရှိ အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီးနှင့်် ဆရာဝန်များ၊ သူနာပြုဆရာမများအား ရှင်းလင်းဟော​ပြောရာ အခမ်းအနားသို့ ဝန်ထမ်းအင်အား (၁၇၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ နိုင်ငံ့ဝန်ထမ်းအသက်အာမခံ ကာလတို/ကာလရှည်၊ နှစ်တိုငွေပင်​ငွေရင်းများ နှင့် ကျန်းမာရေးအာမခံအကြောင်း သိကောင်းစရာများကို ရှင်းလင်း ပြောကြားခဲ့ပြီး မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းခဲ့ပါသည်။

Date:

မြန်မာ့အာမခံလုပ်ငန်း၊ လားရှိုးခရိုင်ရုံးမှ တာဝန်ခံနှင့်အဖွဲ့သည် အာမခံလုပ်ငန်းအသိပညာ ပြန့်ပွားရေး ဟောပြောပွဲကို (၃၀-၄-၂၀၁၉) ရက်နေ့ နေ့လည် (၁၁:၃၀)နာရီအချိန်တွင် အ.ထ.က(၁)၊ကျောင်းဝင်း အစည်းဝေးခန်းမ၌ကျင်းပရာ ဝန်ထမ်းအင်အား (၁၇၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံက နိုင်ငံ့ဝန်ထမ်းအသက်အာမခံ(ကာလတို) နှင့် ကျန်းမာရေးအာမခံအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ပြီး မေးမြန်းချက် များကို ပြန်လည်ရှင်းလင်းခဲ့ပါသည်။

Date:

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၊ ပြည်နယ်/တိုင်းဒေသကြီးများနှင့် ခရိုင်ရုံးများ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အောက်တိုဘာလ မှ မတ်လအထိ ပထမ(၆)လ အတွက် လုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဒုတိယ(၆)လအတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြန်မာ့အာမခံလုပ်ငန်း ရုံးချုပ်တွင် (၁၆-၅-၂၀၁၉)  နှင့်် (၁၇-၅-၂၀၁၉) ရက်နေ့ နံနက် (၉:၀၀) နာရီတွင် ကျင်းပရာ မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးနှင့် ဌာနအကြီးအကဲများ၊ ပြည်နယ်/တိုင်း​ဒေသကြီးနှင့် ခရိုင်တာဝန်ခံများ၊ ရုံးချုပ်မှ အရာထမ်းများ တက်ရောက်ခဲ့ ပါသည်။