ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး၏ အာရှဒေသဆိုင်ရာရုံး၊ ညွှန်ကြားရေးမှူး Mr. Sanjay Mathur အား လက်ခံတွေ့ဆုံ
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်
ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး၏ အာရှဒေသဆိုင်ရာရုံး၊ ညွှန်ကြားရေးမှူး Mr. Sanjay Mathur အား လက်ခံတွေ့ဆုံ
နေပြည်တော် နိုဝင်ဘာ ၆
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်သည် ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) ၏ အာရှဒေသ ဆိုင်ရာရုံး၊ ညွှန်ကြားရေးမှူး Mr. Sanjay Mathur အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်တွင်း အခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆) ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် ကုလသမဂ္ဂက မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် စီမံကိန်းများ၊ လူသား ချင်းစာနာထောက်ထားမှုအကူအညီများနှင့် နည်းပညာဆိုင်ရာအကူအညီများ ပံ့ပိုးဆောင် ရွက်ပေးနေမှုအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပါသည်။
တွေ့ဆုံပွဲသို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာဌာနများမှ ဌာနအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်
