ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန

၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ

 

နေပြည်တော်၊ ဖေဖော်ဝါရီ ၁

 

          ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့ ညနေပိုင်းတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၌ ကျင်းပရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါ်သန်းသန်းလင်းနှင့် ဦးဟန်ဝင်းအောင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများ ပျော်ရွှင်စွာ တက်ရောက်ကြည့်ရှု အားပေးကြသည်။

 ထမနဲထိုးပြိုင်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားကြီး ပြိုင်ပွဲဝင် အသင်းများ စည်းလုံးညီညွတ်စွာဖြင့် အားကြိုးမာန်တက် ယှဉ်ပြိုင်နေမှုကို လိုက်လံကြည့်ရှုအားပေးကာ ပြိုင်ပွဲတွင် အနိုင်ရရှိသောအသင်းများကို ဂုဏ်ပြုဆုများ ချီးမြှင့်သည်။

           အဆိုပါထမနဲထိုးပြိုင်ပွဲကို မြန်မာ့ရိုးရာဓလေ့များကို ထိန်းသိမ်းတန်ဖိုးထားတတ်စေရန်၊ ကြိုတင်ပြင်ဆင်မှုနှင့် စုပေါင်းဆောင်ရွက်မှုအလေ့အကျင့်ကောင်းများ ရရှိစေရေန်၊ လုပ်ငန်းခွင်အတွင်း စည်းလုံးညီညွတ်ပျော်ရွှင်စွာဖြင့် ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။