Event 2

Last Date

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်မှ  အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင်ပြုလုပ်ခဲ့သည့်  ပထမအကြိမ် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်မှ ပေါ်ပေါက်လာသည့် ထိရောက်သော ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး အတွက် နေပြည်တော် သဘောတူညီချက်အရ စာရင်းအင်းကဏ္ဍ အရည်အသွေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအဖွဲ့  စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအချိန်အထိ စာရင်းအင်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် အားလုံးဝိုင်းဝန်း ကူညီထောက်ပံ့ပေးခဲ့သည့် ဖွံ့ဖြိုးမှု မိတ်ဖက်များအား ကျေးဇူးတင်ရှိပါကြောင်း၊ စာရင်းအင်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ (National Strategy for Development of Statistics−NSDS) အား အကောင်အထည်ဖော်ရန် ကိစ္စရပ်အား အစိုးရသစ်မှ ခွင့်ပြုချက်ရရှိပြီး ဖြစ်ပါကြောင်း၊ စာရင်းအင်းအချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီအား ဖွဲ့စည်းခဲ့ပြီး သြဂုတ်လအတွင်း ဒုတိယအကြိမ် ကော်မတီ အစည်းအဝေး ခေါ်ယူကျင်းပခဲ့ပြီး ဖြစ်ပါကြောင်း၊  တိုင်းဒေသကြီးနှင့် ပြည်နယ်များ အသီးသီးတွင်လည်း သက်ဆိုင်ရာဒေသအလိုက် ကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနများအလိုက် ဦးစားပေးနယ်ပယ် သတ်မှတ်မှုအရ လုပ်ငန်းအဖွဲ့(၈)ဖွဲ့ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စာရင်းအင်းအချက်အလက်များ တိကျ မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး လုပ်ငန်းစဉ်များသည် ဒေါင်လိုက်ရော အလျားလိုက်ပါ ပူးပေါင်းဆောင်ရွက်ပြီး ကောင်းမွန်စွာ ယန္တယားလည်ပတ်နေပြီ ဖြစ်ပါကြောင်း ပြောကြားပါသည်။

Attachment Size
sample.pdf 11.28 KB
sample.pdf 11.28 KB