ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် အကောက်ခွန်ဦးစီးဌာနသင်တန်းကျောင်းတွင် ဖွင့်လှစ်နေသည့် ကုန်ပစ္စည်းအမျိုးအစားခွဲခြားမှု ဆိုင်ရာမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနား

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်
အကောက်ခွန်ဦးစီးဌာနသင်တန်းကျောင်းတွင် ဖွင့်လှစ်နေသည့် ကုန်ပစ္စည်းအမျိုးအစားခွဲခြားမှု ဆိုင်ရာမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်

ရန်ကုန် ၊ ဇန်နဝါရီ ၂၆

    ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဌာန၊ အကောက်ခွန်ဦးစီးဌာန၊ စီမံခန့်ခွဲမှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ၊ လေ့ကျင့်ရေးဌာနစု (သင်တန်းကျောင်း)၌ နိုင်ငံတကာရေးရာဌာန ခွဲမှ ဖွင့်လှစ်သည့် ကုန်ပစ္စည်းအမျိုးအစားခွဲခြားမှုဆိုင်ရာ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ သင်တန်းအဖွင့်အမှာ စကားပြောကြားသည်။
    ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အကောက်ခွန်ဦးစီးဌာနသင်တန်းကျောင်းတွင် ဖွင့်လှစ်နေသည့် စာရေးမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ ကျောက်တံတားမြို့နယ်ရှိ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၌ ဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးသည်။
    ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ အနော်ရထာလမ်းနှင့် (၄၇) လမ်းထောင့်၊ အမှတ် (၁၄၇) ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၏ အဆောက်အဦအကြီးစားပြင်ဆင်ဆောင်ရွက်နေမှုများနှင့် လသာမြို့နယ်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အဆောက်အဦအကြီးစားပြင်ဆင်ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။